MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-21) ပွဲစဉ်တစ်ပွဲအဖြစ် စစ်ကိုင်း ယူနိုက်တက်အသင်းသည် ဒဂုံအသင်းနှင့် အဝေးကွင်းတွင် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင်အသင်း၏ ကွင်းလယ်ကစားသမား မျိုးမင်းဖြိုး ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်ပေ။

ကွင်းလယ်လူ မျိုးမင်းဖြိုးသည် အ၀ါကတ် သုံးကတ်ပြည့်ခဲ့သည့်အတွက် ဒဂုံအသင်းနှင့် ကစားရမည့်ပွဲအား လွဲချော်ရခြင်းဖြစ်သည်။ မျိုးမင်းဖြိုးသည် စစ်ကိုင်းယူနိုက်တက်အသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ၂၀ ပွဲတွင်
၁၉ ပွဲ ပွဲထွက် ကစားခွင့်ရထားသူဖြစ်ပြီး အသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူပေးထားသည်။ ဒဂုံအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းသည် လာမည့် သြဂုတ် ၁၇ ရက်၊ ညနေ ၄း၀၀၊ သုဝဏ္ဏကွင်းတွင်
ကစားမည်ဖြစ်ပြီး Fortune TV မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။

ဒဂုံအက်ဖ်စီအသင်းသည် ပွဲ ၂၀ ပွဲကစားပြီးချိန်တွင် လေးပွဲ နိုင်၊ နှစ်ပွဲ သရေ၊ ၁၄ ပွဲ ရှုံး ရမှတ် ၁၄ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၂ တန်းဆင်းဇုန်တွင် ရပ်တည်နေပြီး စစ်ကိုင်းယူနိုက်တက်အသင်းသည် ခုနစ်ပွဲ နိုင်၊
ခြောက်ပွဲ သရေ၊ ခုနစ်ပွဲ ရှုံး ရမှတ် ၂၇ မှတ်ဖြင့် အဆင့် ၇ နေရာတွင် ရပ်တည်နေသည်။ ဒဂုံအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ပထမအကျော့တွေ့ဆုံမှုတွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ သုံးဂိုး ဂိုးမရှိဖြင့်
အနိုင်ရထားသည်။