ဒဂုံအက္ဖ္စီအသင္းႏွင့္ပြဲအား ဗုိလ္လုပြဲသကဲ့သုိ႔ ကစားသြားမည္ဟု ေဆာက္သမ္း ကြင္းလယ္လူ ေအာင္မုိး ေျပာ

September 13, 2019

[fsn_row][fsn_column width=”12″][fsn_text]

ေဆာက္သမ္းျမန္မာအသင္းသည္ ၂၀၁၉ အမ္ပီတီျမန္မာေနရွင္နယ္လိဂ္ အမွတ္ေပးေဘာလုံးၿပိဳင္ပြဲ ေနာက္ဆုံးပြဲစဥ္အျဖစ္ စက္တင္ဘာ ၁၅ ရက္၊ ေမာ္လၿမိဳင္ အိမ္ကြင္းတြင္ ဒဂံုအက္ဖ္စီအသင္းႏွင့္ ကစားရမည္ျဖစ္ၿပီး အဆုိပါပြဲအား ဗုိလ္လုပြဲသကဲ့သုိ႔ သေဘာထားကစားသြားမည္ဟု ေဆာက္သမ္းျမန္မာအသင္း ကြင္းလယ္လူ ေအာင္မုိးက ေျပာခဲ့သည္။

လက္ရွိတြင္ ေဆာက္သမ္းျမန္မာအသင္းသည္ ရမွတ္ ၂၀ မွတ္ျဖင့္ ၁၀ ေနရာတြင္ ရပ္တည္ေနၿပီး ဒဂုံအသင္းက ရမွတ္ ၁၇ မွတ္ျဖင့္ အဆင့္ ၁၁ ေနရာတြင္ ရပ္တည္ေနသည္။ ေဆာက္သမ္းအသင္းသည္ အမွတ္ေပးေနာက္ဆုံးပြဲျဖစ္သည့္ ဒဂုံအသင္းႏွင့္ပြဲတြင္ အနည္းဆုံး သေရတစ္မွတ္ရရွိပါက တန္းက်န္ႏုိင္မည္ျဖစ္သည္။ ” အမွန္တကယ္ေတာ့ ကၽြန္ေတာ္အပါအ၀င္ ကစားသမားေတြအားလုံး ေပါ့ေလ်ာ့မႈေၾကာင့္ ေနာက္ဆုံးပြဲကို ဗုိလ္လုပြဲ ပုံစံကစားရမယ္။ တန္းက်န္ဖုိ႔ ရုန္းကန္ရမယ္။ သေရဆုိတဲ့ေမွ်ာ္လင့္ခ်က္ထက္ အႏုိင္ကစားမွာပါ။ အဲဒီအတြက္ အေကာင္းဆုံးျပင္ဆင္ေနတယ္။ ဒဂုံအသင္းက ႏုိင္ငံျခားသားေတြပါတယ္။ ပထမအေက်ာ့မွာ ကၽြန္ေတာ္တုိ႔ ရႈံးထားတယ္။ အစစအရာရာ သူတုိ႔ထက္ သာလြန္ေအာင္ လုပ္ၿပီးမွ ရလဒ္ေကာင္းတစ္ခုရေအာင္ ႀကိဳးစားရမယ္။ ဒဂုံအသင္းကို မေၾကာက္ဘဲနဲ႔ ကစားမွာပါ” ဟု ေဆာက္သမ္းကြင္းလယ္လူေအာင္မုိးက ေျပာခဲ့သည္။

လာမည့္ စက္တင္ဘာ ၁၅ ရက္၊ ညေန ၃း၃၀၊ ေမာ္လၿမိဳင္ကြင္းတြင္ ကစားမည့္ ေဆာက္သမ္းျမန္မာအသင္းႏွင့္ ဒဂုံအသင္းတုိ႔ပြဲစဥ္ကို Mizzima TV မွ တုိက္ရုိက္ျပသမည္ျဖစ္သည္။ ေဆာက္သမ္းအသင္းႏွင့္ ဒဂုံအသင္းတုိ႔ ပထမအေက်ာ့ေတြ႔ဆုံမႈတြင္ ဒဂုံအသင္းက သုံးဂုိး ႏွစ္ဂုိးျဖင့္ အႏုိင္ရထားသည္။

 

ဒဂုံအက်ဖ်စီအသင်းနှင့်ပွဲအား ဗိုလ်လုပွဲသကဲ့သို့ ကစားသွားမည်ဟု ဆောက်သမ်း ကွင်းလယ်လူ အောင်မိုး ပြော

ဆောက်သမ်းမြန်မာအသင်းသည် ၂၀၁၉ အမ်ပီတီမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၁၅ ရက်၊ မော်လမြိုင် အိမ်ကွင်းတွင် ဒဂုံအက်ဖ်စီအသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲအား ဗိုလ်လုပွဲသကဲ့သို့ သဘောထားကစားသွားမည်ဟု ဆောက်သမ်းမြန်မာအသင်း ကွင်းလယ်လူ အောင်မိုးက ပြောခဲ့သည်။

လက်ရှိတွင် ဆောက်သမ်းမြန်မာအသင်းသည် ရမှတ် ၂၀ မှတ်ဖြင့် ၁၀ နေရာတွင် ရပ်တည်နေပြီး ဒဂုံအသင်းက ရမှတ် ၁၇ မှတ်ဖြင့် အဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။ ဆောက်သမ်းအသင်းသည် အမှတ်ပေးနောက်ဆုံးပွဲဖြစ်သည့် ဒဂုံအသင်းနှင့်ပွဲတွင် အနည်းဆုံး သရေတစ်မှတ်ရရှိပါက တန်းကျန်နိုင်မည်ဖြစ်သည်။ ” အမှန်တကယ်တော့ ကျွန်တော်အပါအဝင် ကစားသမားတွေအားလုံး ပေါ့လျော့မှုကြောင့် နောက်ဆုံးပွဲကို ဗိုလ်လုပွဲ ပုံစံကစားရမယ်။ တန်းကျန်ဖို့ ရုန်းကန်ရမယ်။ သရေဆိုတဲ့မျှော်လင့်ချက်ထက် အနိုင်ကစားမှာပါ။ အဲဒီအတွက် အကောင်းဆုံးပြင်ဆင်နေတယ်။ ဒဂုံအသင်းက နိုင်ငံခြားသားတွေပါတယ်။ ပထမအကျော့မှာ ကျွန်တော်တို့ ရှုံးထားတယ်။ အစစအရာရာ သူတို့ထက် သာလွန်အောင် လုပ်ပြီးမှ ရလဒ်ကောင်းတစ်ခုရအောင် ကြိုးစားရမယ်။ ဒဂုံအသင်းကို မကြောက်ဘဲနဲ့ ကစားမှာပါ” ဟု ဆောက်သမ်းကွင်းလယ်လူအောင်မိုးက ပြောခဲ့သည်။

လာမည့် စက်တင်ဘာ ၁၅ ရက်၊ ညနေ ၃း၃၀၊ မော်လမြိုင်ကွင်းတွင် ကစားမည့် ဆောက်သမ်းမြန်မာအသင်းနှင့် ဒဂုံအသင်းတို့ပွဲစဉ်ကို Mizzima TV မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။ ဆောက်သမ်းအသင်းနှင့် ဒဂုံအသင်းတို့ ပထမအကျော့တွေ့ဆုံမှုတွင် ဒဂုံအသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရထားသည်။

[/fsn_text][/fsn_column][/fsn_row]