၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ ပဏာမ မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းမှာ မကွေးအက်ဖ်စီအသင်းက ကစား သမားသုံးဦး ရွေးချယ်ခံထားရပါတယ်.။
ဒီကစားသမားတွေက နောက်ခံကစားသမား ၀င်းမိုးကျော်၊ နန္ဒကျော်နဲ့ ကွင်းလယ်လူ မောင်မောင်စိုးတို့ပဲ ဖြစ်ပါတယ်.။
ဝင်းမိုးကျော်ဟာ သက်တမ်းအလိုက် လက်ရွေးစင်အသင်းတွေမှာ အဆင့်ဆင့် ရွေးချယ်ခြင်းခံထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
နန္ဒကျော်နဲ့ မောင်မောင်စိုးတို့ဟာ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ပြိုင်ခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရှိ ကစားသမားတွေပဲ ဖြစ်ပါတယ်။
 
#MPTMyanmarNationalLeague2018
#MyanmarNationalFootballTeam
#MagweFC
#WinMoeKyaw
#NandaKyaw
#MgMgSoe