ရှမ်းယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်သွားမည့် General Aung San Shield 2019 ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်များကို မေလ ၂၅၊ ၂၆ ရက်များတွင် ကျင်းပသွားမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်ကို မေလ ၂၅ ရက်၊ ညနေ ၃း၃၀ အချိန်တွင် သုဝဏ္ဏကွင်း၌ လည်းကောင်း၊ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲစဉ်ကို မေလ ၂၆ ရက်၊ ညနေ ၃း၃၀ အချိန်တွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် နှစ်ကျော့ ယှဉ်ပြိုင်ကစားမည် ဖြစ်သော်လည်း ရှမ်းယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် တောင်ကြီးအားကစားကွင်းမှာ အသေးစိပ် ပြုပြင်နေဆဲ ကာလဖြစ်သောကြောင့် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် အိမ်ကွင်းပွဲစဉ်အဖြစ် ပြောင်းလဲ ကျင်းပခြင်းဖြစ်ပါသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို မြ၀တီရုပ်မြင်သံကြားနှင့် General Aung San Shield FB တို့မှ တိုက်ရိုက် ပြသပေးသွားမည်ဖြစ်သည်။