MPT Myanmar National League 2018 Week-6 ပွဲစဉ်​များမှပွဲစဉ်​တစ်​ပွဲဖြစ်​​သောရန်​ကုန်​ယူနိုက်​တက်​အသင်း နှင့်​ ဂျီအက်​ဖ်​​အေအသင်းတို့သည်​ယ​နေ့ည​နေ(၃း၃၀)အချိန်​ကရန်
ကုန်​ယူနိုက်​တက်​အသင်းဧ။်​အိမ်​ကွင်းဖြစ်​​သော Y.U.S.C ကွင်းတွင်​ယှဉ်​ပြိုင်​ကစားခဲ့ကြသည်​။

ယ​နေ့ပွဲစဉ်​တွင်​ရန်​ကုန်​ယူနိုက်​တက်​အသင်းသည် ကြည်​လင်း ၊​ဒေးဗစ်​ဒန်း ၊ရန်​​အောင်​ကျာ်​ ၊​မောင်​​မောင်​လွင်​ ၊ဆီလာ ၊စသည့်​အဓိကကစားသမားများကိုပွဲထုတ်​လာခဲ့ပြီးဂျီအက်​ဖ်​​အေအသင်းကလည်း ဇင်​ကိုထွန်း ၊​ရွှေဝင်းထွန်း ၊​​ဖီလစ်​ထွန်း ၊တင်​​အောင်​​ကျော်​စသည့်
အဓိကကစားသမားများဖြင့်​ပွဲထွက်​လာခဲ့သည်​။

ရန်​ကုန်​ယူနိုက်​တက်​အသင်းသည်​အိမ်​ကွင်းတွင်​ရမှတ်​မဆုံးရှုံးရန်​အတွက်​ ပွဲစသည်
ဆိုတာဖြင့်​ လျင်​လျင်​မြန်​မြန်​ကစားပြီး ပြိုင်​ဘက်​ ဂျီအက်​ဖ်​​အေအသင်းအ​ပေါ်အ​ကောင်းဆုံးဖိအား
ပေးကစားနိုင်​ခဲ့သည်​။ထို့​ကြောင့်​လည်းပွဲကစားချိန်​ (၁၆)မိနစ်​နှင့်​(၂၁)မိနစ်​တို့တွင်​ဆီလာနှင့်​​မောင်​​မောင်​လွင်​တို့ အခွင့်​အ​ရေးတစ်​ကြိမ်​ဆီရရှိခဲ့ပြီးဂိုးအဖြစ်​မ​ပြောင်းလဲနိုင်​ခဲ့​သော​ကြောင့်
ဦး​ဆောင်​ဂိုး​ ​စော​စောမရရှိခဲ့ခြင်းဖြစ်​သည်​။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲကစားချိန် ၂၈မိနစ်တွင် ကြည်လင်းဖြတ်တင် ပေးပို့မှုမှ တစ်ဆင့် တိုက်စစ်မှူး အီစိုးက ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်၊ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် တိုက်စစ်မြှင့်တင်သည်အနေဖြင့် ဆီလာနေရာတွင် အီမန်နူယယ် ကို ထည့်သွင်းအသုံးပြုခဲ့သော် ကြောင့် တိုက်စစ်ပိုမိုကောင်းမွန်လာခဲ့ပြီး ဂိုးများ ထပ်မံရရှိခဲ့သည်၊ရန်ကုန်ယူနိုက်တက်အသင်း အတွက် ဒုတိယဂိုးကိုတော့ ပွဲကစားချိန် ၅၃မိနစ်တွင် လူစားဝင်ကစားသမား အီမန်နူယယ်က သွင်းယူပေးခဲ့ပြီး လက်ကျန်မိနစ်များတွင် ဂျီအက်ဖ်အေအသင်းကို တစ်ဘက်သက်ဖိကစားပြီး ဂိုးများထပ်မံသွင်းယူနိုင်ခဲ့သည်။ ပွဲကစားချိန် ၆၀မိနစ်တွင် ယာမာဇာကီ၊ ၆၁မိနစ်တွင် အီမန်နူယယ်၊၇၃မိနစ်တွင် ကြည်လင်း၊၈၃မိနစ်တွင် အီစိုးတို့က ဂိုးများထပ်မံသွင်းယူပြီး ပွဲပြီးဆုံးချိန်တွင် ဂျီအက်ဖ်အေအသင်းကို ၆-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

MPT Myanmar National League 2018(Week-6)
Yangon United FC 6 – 0 GFA FC
Aee Soe (28′ /83′)
Emmanuel (53′ /61′)
Yamazaki (60′)
Kyi Lin (73′)
Full Time…