ခြေစမ်းပွဲတွင် ဒဂုံအက်ဖ်စီအသင်းအား အနိုင်ယူခဲ့သည့် တက္ကသိုလ်လက်ရွေးစင်အသင်း

ခြေစမ်းပွဲတွင် ဒဂုံအက်ဖ်စီအသင်းအား အနိုင်ယူခဲ့သည့် တက္ကသိုလ်လက်ရွေးစင်အသင်း

2018-10-31T19:13:54+00:00 October 31st, 2018|

၂၀၁၈ အာဆီယံ တက္ကသိုလ်များအားကစားပြိုင်ပွဲ (2018 ASEAN University Games) ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းနှင့် ၂၀၁၉ မြန်မာနေရှင် နယ် လိဂ် ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်နေသည့် ဒဂုံအက်ဖ်စီ အသင်းတို့သည် အောက်တိုဘာ ၃၁ ရက်၊ ညနေ ၃း၃၀၊ တက္ကသိုလ် များ ဘောလုံးကွင်း၌ ခြေစမ်းကစားခဲ့ကြပြီး တက္ကသိုလ် လက်ရွေး စင်အသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့သည်။
တက္ကသိုလ်လက်ရွေးစင်အသင်းအတွက် ဂိုးများကို ပွဲချိန် ၂၆ မိနစ်တွင် ပြည့်ဖြိုးကျော်၊ ပွဲချိန် ၂၇ မိနစ်တွင် ညီညီအောင်နှင့် ပွဲချိန် ၇၈ မိနစ်တွင် ၀င်းဋ္ဌေးကျော်တို့က သွင်းယူခဲ့ကြပြီး ဒဂုံအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၈၅ မိနစ်တွင် သော်တာချိုလာက သွင်းယူ ပေးခဲ့သည်။