စစ္ကုိင္းယူႏုိက္တက္ႏွင့္ပြဲ ရလဒ္ေကာင္းရန္သာ အာရုံစုိက္မည္ဟု ဧရာ၀တီအသင္း နည္းျပ ဦးမ်ဳိးလႈိင္၀င္း ေျပာ

September 2, 2019

[fsn_row][fsn_column width=”12″][fsn_text]

ဧရာ၀တီယူႏုိက္တက္အသင္းသည္ MPT Myanmar National League 2019 အမွတ္ေပးေဘာလုံးၿပိဳင္ပြဲ၏ ခ်န္ပီယံ လမ္းေၾကာင္းေပၚတြင္ရွိေနၿပီး ဧရာ၀တီအသင္းအေနျဖင့္ ေနာက္ဆုံးပြဲစဥ္ျဖစ္သည့္ စစ္ကုိင္းယူႏုိက္တက္ အသင္းႏွင့္ပြဲ၌ ရလဒ္ေကာင္းရရန္ အာရုံစုိက္မည္ဟု အသင္းနည္းျပ ဦးမ်ဳိးလႈိင္၀င္းက ေျပာခဲ့သည္။

MPT Myanmar National League 2019 အမွတ္ေပးေဘာလုံးၿပိဳင္ပြဲ လက္က်န္တစ္ပြဲအလုိတြင္ အမွတ္ေပးဇယားထိပ္ဆုံး၌ ရွမ္းယူႏုိက္တက္အသင္းက ရမွတ္ ၄၃ မွတ္ျဖင့္ ရပ္တည္ေနၿပီး ဧရာ၀တီအသင္းမွရမွတ္ ၄၁ မွတ္ျဖင့္ရပ္တည္ေနသည္။ ‘ရွမ္းယူႏုိက္တက္အသင္းက လက္ရွိမွာ ဇယားထိပ္ဆုံးကအသင္းျဖစ္ၿပီး သူတုိ႔လဲ ျပင္ဆင္ထားတဲ့အသင္းပါ။ သူတုိ႔က ေနာက္ဆုံးပြဲမွာ ရခုိင္ယူႏုိက္တက္နဲ႔ ကစားရမယ္။ ရခုိင္အသင္းဆုိတာလဲ သိတဲ့အတုိင္း ဒီႏွစ္မွာ ျပင္ဆင္မႈ အားေကာင္းၿပီး အသင္းေကာင္းတစ္သင္းပါ။ ဘာပဲျဖစ္ျဖစ္ သူမ်ားအေပၚ ေမွ်ာ္လင့္ခ်က္မရွိဘူး။ ကုိယ့္အသင္းကုိယ္ ျပင္ဆင္ေနတယ္။ ေနာက္ဆုံးပြဲမွာစစ္ကုိင္းယူႏုိက္တက္ကို ႏုိင္ထားမယ္ဆုိရင္ ေမွ်ာ္လင့္ခ်က္ရွိတယ္လုိ႔ သုံးသပ္လုိ႔ရပါတယ္” ဟု ဧရာ၀တီယူႏုိက္တက္အသင္း နည္းျပ ဦးမ်ဳိးလႈိင္၀င္းက ေျပာခဲ့သည္။

ဧရာ၀တီယူႏုိက္တက္အသင္းသည္ အမွတ္ေပးေနာက္ဆုံးပြဲစဥ္အျဖစ္ လာမည့္ စက္တင္ဘာ ၁၅ ရက္၊ ပုသိမ္၊ ေက်ာက္တုိင္ကြင္းတြင္ စစ္ကုိင္းယူႏုိက္တက္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး အမွတ္ေပး
ဇယားထိပ္မွ ရွမ္းယူႏုိက္တက္အသင္းသည္ အိမ္ကြင္း၌ ရခုိင္ယူႏုိက္တက္အသင္းႏွင့္ ကစားရမည္ျဖစ္သည္။

 

စစ်ကိုင်းယူနိုက်တက်နှင့်ပွဲ ရလဒ်ကောင်းရန်သာ အာရုံစိုက်မည်ဟု ဧရာဝတီအသင်း နည်းပြ ဦးမျိုးလှိုင်ဝင်း ပြော

ဧရာဝတီယူနိုက်တက်အသင်းသည် MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ချန်ပီယံလမ်းကြောင်းပေါ်တွင်ရှိနေပြီး ဧရာဝတီအသင်းအနေဖြင့် နောက်ဆုံးပွဲစဉ်ဖြစ်သည့် စစ်ကိုင်း
ယူနိုက်တက်အသင်းနှင့်ပွဲ၌ ရလဒ်ကောင်းရရန် အာရုံစိုက်မည်ဟု အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက ပြောခဲ့သည်။

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ လက်ကျန်တစ်ပွဲအလိုတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၃ မှတ်ဖြင့် ရပ်တည်နေပြီး ဧရာဝတီအသင်းမှ
ရမှတ် ၄၁ မှတ်ဖြင့်ရပ်တည်နေသည်။ ‘ရှမ်းယူနိုက်တက်အသင်းက လက်ရှိမှာ ဇယားထိပ်ဆုံးကအသင်းဖြစ်ပြီး သူတို့လဲ ပြင်ဆင်ထားတဲ့အသင်းပါ။ သူတို့က နောက်ဆုံးပွဲမှာ ရခိုင်ယူနိုက်တက်နဲ့ ကစားရမယ်။
ရခိုင်အသင်းဆိုတာလဲ သိတဲ့အတိုင်း ဒီနှစ်မှာ ပြင်ဆင်မှုအားကောင်းပြီး အသင်းကောင်းတစ်သင်းပါ။ ဘာပဲဖြစ်ဖြစ် သူများအပေါ် မျှော်လင့်ချက်မရှိဘူး။ ကိုယ့်အသင်းကိုယ် ပြင်ဆင်နေတယ်။ နောက်ဆုံးပွဲမှာ
စစ်ကိုင်းယူနိုက်တက်ကို နိုင်ထားမယ်ဆိုရင် မျှော်လင့်ချက်ရှိတယ်လို့ သုံးသပ်လို့ရပါတယ်” ဟု ဧရာဝတီယူနိုက်တက်အသင်း နည်းပြ ဦးမျိုးလှိုင်ဝင်းက ပြောခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းသည် အမှတ်ပေးနောက်ဆုံးပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာ ၁၅ ရက်၊ ပုသိမ်၊ ကျောက်တိုင်ကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အမှတ်ပေး
ဇယားထိပ်မှ ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်သည်။

[/fsn_text][/fsn_column][/fsn_row]