တန်းတက်ခွင့်အသင်းများကို ရွေးထုတ်ပေးတော့မည့် MPT Myanmar National League II 2018

June 20, 2018

MPT Myanmar National League II 2018 ရာသီမှာ ပွဲစဉ် (၁၁) သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးချိန်၌ တန်းတက်ခွင့် ရရှိမည့်အသင်းကို မကြာမီ အဖြေထုတ်ပေးတော့မည်ဖြစ်သည်။ လက်ရှိအချိန်တွင် တန်းတက်ခွင့် ရရှိရန် အဆင့် ၁ နေရာမှ ရွိုင်ရယ်သန်လျင်အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး လက်ကျန်တစ်နေရာအတွက်မူ အဆင့် ၂ မှ အဆင့် ၇ အတွင်း အသင်းများ ဆတူအခွင့်အရေး ရှိနေသည်ကို တွေ့ရသည်။

ယခုတစ်ပတ် MPT Myanmar National League II Week 11 ပွဲစဉ်များကို ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ မောင်းတိန်းလိုင်းယွန်းနှင့် ရွိုင်ရယ်သန်လျင်၊ ငွေကြယ်ပွင့်လေးများနှင့် ယူနီဗာစတီ၊ ကချင်ယူနိုက်တက်နှင့် ဒဂုံအက်ဖ်စီ အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

Week 11
Mountain Lion Vs Royal Thanlyin
Silver Stars Vs University
Kachin United Vs Dagon FC