ဒုတိယပိုင်း သွင်းဂိုးများဖြင့် ဇွဲကပင်လူငယ်အသင်းကို အနိုင်ရခဲ့သည့် မြ၀တီလူငယ်အသင်း

June 26, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-18) ပွဲစဉ်တစ်ပွဲအဖြစ် ဇွန် ၂၆ ရက်(ယနေ့) ညနေ ၃း၃၀ က ပဒုမ္မာကွင်းတွင် မြ၀တီ ယူ-၂၁ အသင်းနှင့် ဇွဲကပင် ယူ-၂၁ အသင်းတို့ ကစားခဲ့ရာ မြ၀တီအသင်းက ၂-၁ ဂိုးဖြင့် အနိုင် ရခဲ့သည်။


ပထမပိုင်းတွင် မြ၀တီအသင်းအနေဖြင့် ဦးဆောင်ဂိုးစတင်ရရှိရန် ထိုးဖောက်တိုက်စစ်ဆင်ခဲ့သော်လည်း ဇွဲကပင်နောက်ခံလူများ အကောင်းဆုံး တုံ့ပြန်ကစားခဲ့သည်။ ဇွဲကပင်အသင်းအနေဖြင့်လည်း တန်ပြန် တိုက်စစ်များဖြင့် ဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးမရခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျခဲ့သည်။


ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၁၀ မိနစ်အကြာတွင် မြ၀တီအသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး စိုးလင်းထွဋ်က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၇၂ မိနစ်တွင် မြ၀တီအသင်းမှ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး အောင်မျိုးဟိန်း၏ ဖြတ်တင်ပေးမှုကို ညီညီထွန်းမှ ပိတ်သွင်းကာ ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၇၈ မိနစ်တွင် ဇွဲကပင်အသင်းမှ ချေပဂိုးတစ်ဂိုးရရှိခဲ့ပြီး လူစားဝင်ရောက်လာသည့် ချစ်ထွေးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲပြီးခါနီး မိနစ်များတွင် ဇွဲကပင်အသင်းမှ ဂိုးပေါက် ကန်သွင်းမှု ပိုမိုရရှိခဲ့သော်လည်း ဂိုးကံခေမှုများကြောင့် လိုအပ်နေသည့် ချေပဂိုးတစ်ဂိုး ထပ်မံမရခဲ့ပေ။ ထို့ကြောင့် ပွဲပြီးဆုံးချိန်တွင် မြ၀တီအသင်းက ၂-၁ ဂိုးဖြင့် ဇွဲကပင်အသင်းကို အနိုင်ရခဲ့ သည်။

Week-18 ရလဒ်များ

ဧရာဝတီ  ၃-၁  စစ်ကိုင်းယူနိုက်တက်

ရှမ်းယူနိုက်တက် ၁-၁ ရခိုင်ယူနိုက်တက်

MFF Youth ၂-၁ GFA FC

ဟံသာဝတီ  ၂-၁  ဆောက်သမ်း

မြ၀တီ  ၂-၁  ဇွဲကပင်