ယနေ့ အိမ်ရှင်ဆောက်သမ်းနှင့်ပွဲ တွင် ပိုပြီး အာရုံစိုက်ရမှ ရလဒ်ကောင်းရမည်ဟု ဇွဲကပင် နည်းပြ ပြော

August 4, 2019

[fsn_row][fsn_column width=”12″][fsn_text]

ဇွဲကပင်ယူနိုက်တက်အသင်းသည် သြဂုတ် ၄ ရက်(ယနေ့) ညနေ ၃း၃၀၊ မော်လမြိုင်ကွင်းတွင် ဆောက်သမ်းအသင်းနှင့် ကစားရမည်ဖြစ်ပြီး အိမ်ရှင်အသင်းနှင့်ကစားရမည့် ယနေ့ပွဲစဉ်တွင် ပိုပြီး အာရုံစိုက်မှရလဒ်ကောင်းရမည်ဟု ဇွဲကပင်အသင်းနည်းပြ ဦးမင်းထွန်းလင်းက ပြောခဲ့သည်။

ပွဲစဉ် ၁၈ ပွဲကစားပြီးတွင် ဇွဲကပင်အသင်းသည် လေး ပွဲနိုင်၊ ခြောက်ပွဲ သရေ၊ ရှစ်ပွဲ ရှုံး ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၉ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်အတွင်းမှ ဒဂုံအက်ဖ်စီအသင်းနှင့် လေးမှတ်သာကွာဟနေသည့်အတွက် တန်းဆင်းဇုန် အန္တရာယ် အနည်းငယ်ရှိနေသေးသည်။ ယနေ့ အိမ်ရှင် ဆောက်သမ်းအသင်းနှင့် ကစားရမည့် ပွဲစဉ်နှင့် ပတ်သက်၍ ဇွဲကပင်အသင်း နည်းပြ ဦးမင်းထွန်းလင်းက ‘တစ်သင်းနဲ့တစ်သင်းက အမှတ်မကွာဘူး။ ဒီနေ့ပွဲသာ နိုင်လိုက်ရင် အောက်အသင်းတွေနဲ့ ငါးမှတ်လောက် ဖြတ်ထားနိုင်မယ်။ ဒီအပေါ်မှာ စိုးရိမ်စရာ မရှိဘူးလို့တော့ ပြောလို့ရမဘူး။ ပိုပြီး အာရုံစိုက်မှရလဒ်ကောင်းရမယ်။ဆောက်သမ်းအသင်းကလဲ တန်းဆင်းဇုန်နဲ့ ကပ်နေတဲ့အသင်းဖြစ်လို့ အမှတ်ယူနေတဲ့အသင်ဖြစ်တယ်။ သူလဲ ဒီပွဲ ရှုံးခဲ့ရင် ဖိအားရှိမှာပဲ။ နောက်ပြီး ဇွဲကပင်နဲ့လဲ နှစ်မှတ်ပဲကွာတယ်။ ဒါကြောင့် ပိုပြီး အာရုံစိုက် အလုပ်လုပ်ရမယ်’ ဟု ပြောခဲ့သည်။
ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့၏ ပထမအကျော့ တွေ့ဆုံမှုတွင် ဇွဲကပင်အသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိထားသည်။

[/fsn_text][/fsn_column][/fsn_row]