ကောင်းစည်သူ၏ သွင်းဂိုးဖြင့် နိုင်ပွဲပြန်လည် ရရှိခဲ့သည့် ဆောက်သမ်းမြန်မာအသင်း

February 17, 2018

ယနေ့ညနေပိုင်းက  MPT Myanmar National League 2018 Week 6 ပွဲစဉ်တစ်ပွဲအဖြစ် မော်လမြိုင်မြို့ရှိ မော်လမြိုင်ကွင်း၌ ကျင်းပခဲ့သည့် ဆောက်သမ်းမြန်မာအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင်  ဆောက်သမ်းမြန်မာအသင်းက ကောင်းစည်သူ၏ တစ်လုံးတည်းသောဂိုးဖြင့်  အနိုင်ရရှိသွားခဲ့သည်။

ယနေ့ပွဲစဉ်တွင်   ဧည့်သည် ရခိုင်ယူနိုက်တက်အသင်းက ခံစစ်အသားပေးဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ဆောက်သမ်းမြန်မာအသင်းက တိုက်စစ်ဦးစားပေးကာ ယှဉ်ပြိုင်ကစားခဲ့သည်။ အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၆ မိနစ်တွင် တိုက်စစ်မှူး ကောင်းစည်သူက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ရခိုင်အသင်းအနေဖြင့် အချိန်ပိုတွင် အပိုင်ဂိုးသွင်းခွင့် တစ်ကြိမ် ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်း မရှိသဖြင့် နစ်နာခဲ့ရသည်။

လက်ရှိတွင် ဆောက်သမ်းမြန်မာအသင်းမှာ  MPT Myanmar National League 2018 ပွဲစဉ်(၆)အပြီး နှစ်ပွဲနိုင်၊  နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသည်။  ဆောက်သမ်းမြန်မာအသင်းမှာ ပွဲစဉ်(၇)တွင်  ဟံသာဝတီယူနိုက်တက်အသင်းနှင့် အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့အတူ ရခိုင်ယူနိုက်တက်အသင်းက တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံး ရလဒ်ထွက်ပေါ်ထားသည်။ ရခိုင်ယူနိုက်တက်အသင်းမှာ ပွဲစဉ်(၇) တွင် ဂျီအက်ဖ်အသင်းကို အိမ်ကွင်း ဝေသာလီကွင်း၌  ဧည့်ခံယှဉ်ပြိုင်သွားရမည်ဖြစ်သည်။