မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် MPT Myanmar National League (U-21), (U-20),(U-19),(U-18) 2018
လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲများ၏ ပထမအကျော့ ပွဲစဉ်များကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးဌာနမှ အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်ပါသည်။
အဆိုပါ လူငယ်အမှတ်ပေးပြိုင်ပွဲများအနက် MPT Myanmar National League Youth (U-21) 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF Youth) အသင်း၊
အား/ကာသိပံ္ပလူငယ် (ISPE A) အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ၁၂ သင်း အပါအ၀င် စုစုပေါင်း ပြိုင်ပွဲဝင် ၁၄ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ (U-21)
ပထမအကျော့ပွဲစဉ်များကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်မှ ဧပြီ ၃၀ ရက်အထိ စလင်းကွင်း၊ ပဒုမ္မာကွင်းနှင့် မြ၀တီကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ပါသည်။
ထို့အတူ MPT Myanmar National League Youth (U-19) ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၂ သင်းဖြင့် ဇန်န၀ါရီ ၃၀ ရက်မှ ဧပြီ ၂၅ ရက်အထိ စလင်းကွင်း၊ ပဒုမ္မာကွင်း၊
တောင်ဒဂုံအားကစားကွင်းနှင့် မြ၀တီကွင်းတို့၌ ကျင်းပသွားမည်ဖြစ်သည်။
အလားတူ MPT Myanmar National League Youth (U-20) ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၇ သင်းဖြင့် ဖေဖော်ဝါရီ ၈ ရက်မှ ဧပြီ ၆ ရက်အထိ လည်းကောင်း၊
MPT Myanmar National League Youth (U-18) ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၆ သင်းဖြင့် ဖေဖော်ဝါရီ ၂၁ ရက်မှ ဧပြီ ၇ ရက်အထိ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ပဒေသာကွင်း၊ဒဂုံတက္ကသိုလ်ကွင်းနှင့်
တောင်ဒဂုံအားကစားကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။
လူငယ်အမှတ်ပေးလိဂ်ပြိုင်ပွဲများ၏ ဒုတိယအကျော့ပြိုင်ပွဲ ကျင်းပမည့်ရက်နှင့် ပွဲစဉ်ဇယားအား နောက်ပိုင်းတွင် ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်