အကြိတ်အနယ် ကစားပြီး ဟံသာဝတီကို အဝေးကွင်းတွင် ရန်ကုန် အနိုင်ယူ

January 14, 2018

MPT Myanmar National League (Week-1) ပွဲစဉ်​များမှ ပွဲစဉ်​တစ်​ပွဲဖြစ်​​သော ဟံသာဝတီ ယူနိုက်​တက်​အသင်း နှင့်​ ရန်​ကုန်​ယူနိုက်​တက်​အသင်း တို့၏ ပွဲစဉ်ကို ယ​နေ့ည​နေက ပဲခူးမြို့ရှိ ဟံသာဝတီ ယူနိုက်တက်၏ အိမ်ကွင်းဖြစ်သည့် Grand Royal ကွင်းတွင် ယှဉ်​ပြိုင်​ကစားခဲ့ကြရာ ပွဲပြီးဆုံးချိန်တွင် အိမ်ရှင် ဟံသာဝတီအသင်းကို ရန်​ကုန်​အသင်းက (၁ – ၂) ဂိုးရလဒ်​ ဖြင့်​အနိုင်​ရရှိ ခဲ့သည်​။

ယ​နေ့ပွဲစဉ်​တွင်​ ဟံသာဝတီအသင်းသည်​ရန်​ကုန်​အသင်းကို အ​ကောင်းဆုံးယှဉ်​ပြိုင်
ကစားနိုင်​ရန်​အတွက် အဓိကကစားသမားများဖြစ်​​သော ​အောင်​​ဇော်​ ၊ ​ရွှေလှိုင်​ဝင်း ၊မိုက်​ကယ် ၊
မက်​စ်​စာကီ ၊​အောင်​မျိုးသူရ စသည့်​အမာခံ ကစားသမားများပွဲထွက်​လာခဲ့ပြီး၊ ရန်​ကုန်​အသင်းက
လည်း ကြည်​လင်း ၊ရန်​​အောင်​​ကျော်​ ၊ ​ဒေးဗစ်​ဒန်း ၊ဆီလာ ၊ရာမာဇာကီ စသည့်​အဓိကကစားသ
မားများကို ပွဲထုတ်​လာခဲ့သည်​။

ဟံသာဝတီအသင်းသည်​ အိမ်​ကွင်းအဖွင့်​ပွဲဖြစ်သည် နှင့်​အညီ ရန်​ကုန်​အသင်းကိုအ​ကောင်း
ဆုံး ဖိအား​ပေးနိုင်​ခဲ့ပြီး ရန်​ကုန်​အသင်း ဧ။်​အဆုံးသတ်​​သေချာ မှု​ကြောင့်​သာ ယ​နေ့ပွဲစဉ်​ကိုအရှုံး
ပေးလိုက်​ရခြင်းဖြစ်​သည်​။ယခုပွဲစဉ်​ဧ။်​အဖွင့်​ဂိုးကို ရန်​ကုန်​အသင်းကွင်းလယ်​ကစားသမား ရာမာ
ဇာကီ ကပွဲကစားချိန်​(၄၄)မိနစ်​တွင်​သွင်းယူနိုင်​ခဲ့ပြီး အဆိုပါဂိုးသည်​ MPT Myanmar National
League 2018 ပြိုင်​ပွဲဧ။်​ အဖွင့်​ဂိုးလည်းဖြစ်​သည်​။ဒုတိယပိုင်း(၆၃)မိနစ်​တွင်​ ရန်​ကုန်​အသင်း
တိုက်​စစ်​မှူး ဆီလာက ဟံသာဝတီအသင်း​ဂိုးသမား အမှားမှတစ်​ဆင့်​သွင်းယူနိုင်​ခဲ့သည်​။ဟံသာ
ဝတီအသင်းဧ။်​​ချေပဂိုး ကို​တော့​နောက်​ခံလူမိုက်​ကယ်​က ပွဲကစားချိန်​ (၆၆)မိနစ်​တွင်​ ကန်​သွင်းယူ
နိုင်​ခဲ့ခြင်းဖြစ်​သည်​။လက်​ကျန်​မိနစ်​များမှာ​တော့ နှစ်​ဘက်​အသင်းကစားသမားများ အခွင့်​အ​ရေး
များကိုယ်​စီ ရရှိခဲ့​သော်​လည်း ဂိုးသွင်းယူနိုင်​ခဲ့ခြင်းမရှိပဲ ပွဲပြီးဆုံးခဲ့သည်​။

MPT Myanmar National League 2018 (Week-1)
Hantharwady 1 – 2 Yangon
Yamazaki (44)’
Sylla (63)’
Micheal (66′)
Full Time…