လက်ရွေးစင်ဟောင်းများ၏ သွင်းဂိုးများဖြင့် တစ်မှတ်စီ ခွဲယူခဲ့ကြသည့် ဆောက်သမ်းနှင့် ဂျီအက်ဖ်အေ

January 15, 2018

MPT Myanmar National League 2018 (Week-1) ပွဲစဉ်တစ်ပွဲဖြစ်သည့်ဆောက်သမ်းမြန်မာ အသင်းနှင့် ဂျီအက်ဖ်အေအသင်းတို့၏ ပွဲစဉ်ကို ယနေ့ ညနေပိုင်းက ဆောက်သမ်းမြန်မာအိမ်ကွင်းဖြစ်သည့် မော်လမြိုင်ကွင်း၌ ကျင်းပခဲ့ရာ တစ်ဖက် ၁ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ထိုပွဲတွင်ဆောက်သမ်းမြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ယခုနှစ်တွင်မှ အသင်းသို့ ရောက်ရှိလာသည့် မြန်မာ့ လက်ရွေးစင်ဟောင်း အောင်မိုးမှ ပထမပိုင်း နာကျင်အချိန်ပို ၁ မိနစ်တွင် သွင်းယူခဲ့ သောကြောင့် ပထမပိုင်း အပြီးတွင် ဆောက်သမ်းက ပွဲကိုဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းအစတွင် ဂျီအက်ဖ်အေ အသင်းသည်လူစားလဲမှုများပြုလုပ်ခဲ့ပြီး ပြန်လည်တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့ရာ ပွဲချိန်၇၆ မိနစ်တွင် လူစားဝင်လာသည့် လက်ရွေးစင်ဟောင်း ဇော်လင်းမှချေပဂိုးပြန်လည်သွင်းယူ နိုင်ခဲ့သည်။

လက်ကျန်မိနစ် များတွင် ပွဲအရှိန် ပိုမိုမြင့်တက် လာခဲ့ပြီးနှစ်ဖက်အသင်းသားများ အနေဖြင့် အနိုင်ဂိုးရရှိအောင် အစွမ်းကုန်ကြိုစား ကြသော်လည်း မည်သည့် အသင်းကမှ ဂိုးထပ်မံ သွင်းယူနိုင်ခြင်း မရှိသည့် အတွက် သရေ ရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်