မြန်မာ့ဘောလုံးလောက အတွင်း လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေး အတွက် ရည်ရွယ်ကျင်းပသည့် MPT Myanmar National League (U-21) 2018 လူငယ် ဘောလုံးပြိုင်ပွဲကို လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် အသင်းပေါင်း ၁၄ သင်းဖြင့် စတင်ကျင်းပတော့မည် ဖြစ်သည်။
ယူ-၂၁ ဘောလုံးပြိုင်ပွဲသည် လက်ရှိ မြန်မာနေရှင်နယ်လိဂ်မှာ ကျင်းပနေသည့် သက်တမ်းလိုက်ပြိုင်ပွဲများအနက် အဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ပြိုင်ပွဲတွင် ဧရာဝတီ ယူနိုက်တက် ယူ-၂၁ အသင်းက ချန်ပီယံအဖြစ် ဗိုလ်စွဲထားသောကြောင့် ယခုနှစ်ပြိုင်ပွဲကို လက်ရှိ ချန်ပီယံအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ လူငယ်ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်-၁ မှ ကလပ်အသင်း ၁၂ သင်း၏ လူငယ် အသင်းများ အပြင် အားကာသိပ္ပံ(က) အသင်းနှင့် MFF Youth အသင်းများပါ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် စုစုပေါင်း ကလပ်အသင်း ၁၄ သင်း ပါဝင်လာခြင်း ဖြစ်သည်။
ယူ-၂၁ လူငယ်ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ တွင် ပါဝင်သည့် ပွဲများ