MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ်တစ်ပွဲအဖြစ် ဇန်န၀ါရီ ၂၂ ရက် (ယနေ့) ညနေက စလင်းကွင်းတွင် ရခိုင်ယူနိုက်တက်
အသင်းနှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ရခိုင်ယူနိုက်တက်အသင်း နှင့် ဟံသာဝတီအသင်းတို့ပထမပိုင်းတွင် တစ်သင်းနှင့်တစ်သင်း အပြန်အလှန်တိုးဖောက်ကစားခဲ့သော် လည်း ဂိုးရရှိခြင်း မရှိပေ။ သို့သော် ဒုတိယပိုင်းတွင် ရခိုင်ယူ နိုက်တက်အသင်းက ဦးဆောင်ဂိုးရခဲ့ပြီး ပွဲချိန် ၅၆ မိနစ်တွင် ရဲထက်နိုင်(၂)က သွင်းပေးခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၉၀+၂ မိနစ်တွင် သန်းကျော်ဋ္ဌေး က သွင်းယူပေးခဲ့သည်။ လက်ကျန်မိနစ်များတွင် ဟံသာဝတီအသင်းအနေဖြင့် ချေပဂိုးများ ပြန်လည် မသွင်းနိုင်ခဲ့သည့်အတွက် ရခိုင်ယူနိုက်တက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရသွားခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် လာမည့် ဇန်န၀ါရီ ၂၉ ရက်၊ ပဒုမ္မာကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဒုတိယပွဲစဉ်အဖြစ် ကစား ရမည်ဖြစ်ပြီး ဟံသာဝတီယူနိုက်တက်အသင်းသည် လာမည့် ဇန်န၀ါရီ ၂၇ ရက်၊ စလင်းကွင်းတွင် ဆောက်သမ်းအသင်းနှင့် ကစားရမည်ဖြစ်သည်။