MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲဝင် Ponggan FC အသင်းသည် ရာသီသစ်မှ စတင်၍ Kachin United FC အသင်းအမည်ဖြင့် ပြောင်းလဲယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီမှ ကြီးမှူးကျင်းပမည့် MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၂၆ ရက်တွင် ပြိုင်ပွဲဝင် ခှုနှစ်သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။
Kachin United FCုအသင်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် နှစ်များတွင် Ponngan FC အသင်းဖြင့် Myanmar National League II ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ၂၀၁၈ ခုနှစ်မှ စတင်၍ ကချင်ယူနိုက်တက် အသင်း အသင်းအမည် ပြောင်းလဲအသုံးပြုခွင့် အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံစာဖြင့် ပူးတွဲ တင်ပြတောင်းခံလာခဲ့သဖြင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ အတည်ပြု ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ကချင်ယူနိုက်တက်အသင်းသည် ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် ယူနီဗာစတီအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။