MNL II

MPT Myanmar National League II 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ယခုတစ်ပတ်စပြီ

By khtit

January 25, 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပနေသည့် MPT Myanmar National League 2018 ပြိုင်ပွဲ စတင်ကျင်းပနေသည်မှာ ၃ ပတ်မြောက်အတွင်း ရောက်ရှိလာပြီ ဖြစ်သော်လည်း MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ယခုအပတ်မှ စတင်ကျင်းပသွားမည်ဖြစ်သည်။

MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ စတင်ကာ ပြိုင်ပွဲဝင် ခုနှစ်သင်းဖြင့် သုဝဏ္ဏကွင်း| အောင်ဆန်းကွင်း| ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့ ၌ ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ယခင်ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် စီးတီးစတား အသင်းက ရွိုင်ရယ်သန်လျင် အသင်းအမည်ဖြင့်လည်းကောင်း| ဖုန်ဂန်အသင်းက ကချင်ယူနိုက်တက် အသင်းအမည်ဖြင့်လည်း ကောင်း ပြောင်းလဲယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပွဲစဉ် (၁) တွင် မောရ၀တီနှင့် ဒဂုံအက်ဖ်စီ၊ ယူနီဗာစတီနှင့် ကချင်ယူနိုက်တက်၊ ငွေကြယ်ပွင့်လေးများနှင့် ရွိုင်ရယ်သန်လျင်အသင်းတို့ တွေ့ဆုံလျက်ရှိသည်။ အသင်းသစ် Mountain Lion FC အသင်းမှာ ပွဲစဉ်(၂) မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရွိုင်ရယ်သန်လျင်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

MPT Myanmar National League II 2018 Week 1

26-1-2018 Mawyawadi – Dagon FC – 3:30၊ Thuwunna Stadium University FC- Kachin United၊ 3:30၊ Padonmar Stadium Silver Stars FC- Royal ThanLyin – 3:30၊ Salin Stadium