MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ်များကို လာမည့် ဇန်န၀ါရီ ၂၇၊ ၂၈၊ ၂၉ ရက်များတွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး Week-2 တွင် ISPE (A) အသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်း၊ ရခိုင်ယူနိုက် တက် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းစသည့် အသင်းများ ထိပ်တိုက်တွေ့ ဆုံနေသည်။
MPT Myanmar National League (U-21)2018 (Week-1) ပွဲစဉ်တစ်ပွဲဖြစ်သည့် ရခိုင်ယူနိုက်တက် ၂-၀ ဟံသာဝတီအသင်းတို့ ပွဲစဉ်မှ အကြိတ်အနယ် ကစားနေဟန်
ဇန်န၀ါရီ ၂၇ ရက်၊ ညနေ ၃း၃၀ ၊ စလင်းကွင်းတွင် ဆောက်သမ်းအသင်းနှင့် ဟံသာဝတီအသင်း၊ မြ၀တီကွင်းတွင် ဇွဲကပင်အသင်းနှင့် မြ၀တီအက်ဖ်စီအသင်း၊ ပဒုမ္မာကွင်းတွင် ရတနာပုံအသင်းနှင့် မကွေးအသင်းတို့ ကစားကြ မည်ဖြစ်သည်။ ဇန်န၀ါရီ ၂၈ ရက်၊ ညနေ ၃း၃၀၊ စလင်းကွင်းတွင် ISPE (A) အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ ပဒုမ္မာကွင်း တွင် GFA FC အသင်းနှင့် MFF Youth အသင်းတို့ ကစားကြမည်ဖြစ်သည်။ ဇန်န၀ါရီ ၂၉ ရက်၊ ညနေ ၃း၃၀၊ စလင်းကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်း၊ ပဒုမ္မာကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ် သည်။
ပြီးခဲ့သည့် Week-1 တွင် GFA FC အသင်း၊ မကွေးအက်ဖ်စီအသင်း၊ ဆောက်သမ်းအသင်း၊ ရှမ်းယူနိုက်တက်အသင်း၊ ISPE (A) အသင်း၊ ရခိုင်ယူနိုက်တက်အသင်းတို့ နိုင်ပွဲ ကိုယ်စီရခဲ့ပြီး ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်တွင် တစ်ဂိုးစီ သရေကျခဲ့သည်။ ပွဲဦးထွက်တွင် GFA FC အသင်းကို ရှုံးခဲ့သည့် လက်ရှိချန်ပီယံဧရာဝတီ ယူ-၂၁ အသင်းသည် ဒုတိယပွဲစဉ်အဖြစ် စစ်ကိုင်းယူနိုက်တက် အသင်းနှင့် ကစားရမည်ဖြစ်သည်။
MPT Myanmar National League (U-21) 2018 (Week-1)
—————————————————————–
Ayeyawady 1-2 GFA FC
Magwe 1-0 Zwekapin
Southern 3-1 Sagaing
Shan 3-2 Myawady
ISPE (A) 1-0 MFF Youth
Yangon 1-1 Yadanarbon
Rakhine 2-0 Hantharwady