MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ်များကို ဇန်န၀ါရီ ၂၆ ရက်(ယနေ့)က စတင် ကျင်းပခဲ့ပြီး သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် မောရ၀တီအသင်းနှင့် ဒဂုံအက်ဖ်စီအသင်းတို့ပွဲစဉ်သည် တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
မောရ၀တီအသင်းနှင့် ဒဂုံအက်ဖ်စီအသင်းတို့ပွဲစဉ်တွင် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် နှစ်သင်းစလုံးမှ လျင်လျင်မြန်မြန် ထိုးဖောက်ကစား ခဲ့သည်။ ဒဂုံအက်ဖ်စီအသင်းအတွက် ဂိုးများကို ပွဲချိန် ၃၉ မိနစ်နှင့် ၈၆ မိနစ်များတွင် စိုးမြတ်သူ တစ်ဦးတည်းမှ သွင်းယူပေးခဲ့ပြီး မောရ၀တီ အသင်းအတွက် ဂိုးများကို ပွဲချိန် ၅၉ မိနစ်တွင် တိုက်စစ်မှူး ဖရန့်နှင့် ပွဲချိန် ၉၀+၁ မိနစ်တွင် ဆင်မြူရယ်တို့က သွင်းယူပေးခဲ့သည်။
ပဒုမ္မာကွင်းတွင် ကစားခဲ့သည့် တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ပွဲစဉ်သည် တစ်ဖက်နှစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့ ပြီး စလင်းကွင်းတွင် ကစားခဲ့သည့် ငွေကြယ်ပွင့်အသင်းနှင့် Royal Thanlyin အသင်းတို့ပွဲစဉ်တွင် Royal Thanlyin အသင်းက ၂-၁ ဂိုး ဖြင့် အနိုင်ရခဲ့သည်။