စစ်​ကိုင်းယူနိုက်​တက်​အသင်းကို ဂိုးပြတ်​အနိုင်​ယူနိုင်​ခဲ့​သော ရန်​ကုန်​အသင်း။

January 28, 2018

MPT Myanmar National League Week-3 ပွဲစဉ်​များမှ ပွဲစဉ်​တစ်​ပွဲဖြစ်​​သော စစ်​ကိုင်း ယူနိုက်​တက်​အသင်း နှင့်​ ရန်​ကုန်​ယူနိုက်​တက်​အသင်းတို့သည်​ ယ​နေ့ည​နေ(၃း၃၀)အချိန်​တွင်​ စစ်​ကိုင်းအသင်းဧ။်​အိမ်​ကွင်းဖြစ်​​သော မုံရွာကွင်းတွင်​ယှဉ်​ပြိုင်​ကစားခဲ့ကြသည်​။ စစ်​ကိုင်းယူနိုက်​တက်​အသင်းသည်​ ယ​နေ့ပွဲစဉ်​တွင်​ရန်​ကုန်​ယူနိုက်​တက်​အသင်းထံမှရမှတ်​ ရရှိရန်​အတွက်​ အဓိကကစားသမားများဖြစ်​​သော ​ဝေဖြိုးသူ ၊​ဇော်​ဇင်​ဦး ၊​ကျော်​စွာမင်း ၊ဆင်​မြူရယ်​၊ သီဟစိုးထက်​ စသည့်​အမာခံကစားသမားများဖြင့်​ ပွဲထွက်​လာခဲ့ပြီး ၊ရန်​ကုန်ယူနိုက်​တက်​အသင်းကလည်းယ​နေ့ပွဲစဉ်​ကိုအနိုင်​ရရှိရန်​အတွက်​ ကြည်​လင်း ၊ရန်​​အောင်​​ကျော်​ ၊​မောင်​​မောင်​လွင်​ ၊ ​ဒေးဗစ်​ဒန်း ၊စီလာ စသည့်​အဓိကကစားသမားများဖြင့်​ပွဲထွက်​လာခဲ့သည်​။ ယ​နေ့ပွဲစဉ်​တွင်​စစ်​ကိုင်းအသင်းသည်​ပွဲကစားချိန်​မိနစ်​(၂၀)​လောက်​ထိရန်​ကုန်​အသင်းကို အ​ကောင်းဆုံး ယှဉ်​ပြိုင်​နိုင်​ခဲ့ပြီးလက်​ကျန်​မိနစ်​များမှာ ​တော့ရန်​ကုန်​အသင်းဧ။်​ဖိအား​ပေးတိုက်​စစ်​ စင်​မှုကိုခုခံရင်းဖြင့်​သာ ပွဲကစားချိန်​ကုန်​ဆုံးခဲ့ရသည်​။ရန်​ကုန်​ယူနိုက်​တက်​အသင်းအတွက်​အဖွင့်​ ဂိုးကို ပွဲကစားချိန်​(၂၆)မိနစ်​တွင်​ ​မောင်​​မောင်​လွင်​က ​ဒေးဗစ်​ဒန်းဧ။်​​ပေးပို့မှုမှတစ်​ဆင့်​ပိတ်​သွင်းနိုင်​ခဲ့ခြင်းဖြစ်​သည်​။ပထမပိုင်းပြီးဆုံးခါနီးတွင်​ တိုက်​စစ်​မှူးကြည်​လင်းက စစ်​ကိုင်းဂိုးသမားနှင့်​တစ်​​ယောက်​ချင်းအ​တွေ့တွင်​ ကန်​သွင်းကာရန်​ကုန်​အသင်းအတွက်​ ဒုတိယဦး​ဆောင်​ဂိုးကို သွင်း ယူခဲ့သည်​။ရန်​ကုန်​အသင်းအတွက်​တတိယဂိုးကို​တော့ ယ​နေ့ပွဲစဉ်​တွင်​ ​ခြေစွမ်းပြနိုင်​ခဲ့​သော်​ ​မောင်​​မောင်​လွင်​က ပွဲကစားချိန်​(၇၀)မိနစ်​တွင်​ စစ်​ကိုင်းယူနိုက်​တက်​ဂိုးသမားကိုပါ ​ကျော်​ဖြတ်​ပြီး ကန်​သွင်းခဲ့ခြင်းဖြစ်​သည်​။စစ်ကိုင်းအသင်းအတွက်တစ်လုံးတည်းသောချေပဂိုးကိုတော့ ပွဲကစားချိန်(၉၀)မိနစ်တွင် ဇော်ဇင်ဦးက ပယ်နာတီမှတစ်ဆင့်သွင်းယူနိုင်ခဲ့သည်။

MPT Myanmar National League 2018

Sagaing 1 – 3 Yangon

Mg Mg Lwin (26′)

Kyi Lin (45+1′)

Mg Mg Lwin (70′)

Zaw Zin Oo (90)’

Full Time….