မကွေးအက်ဖ်စီ နှင့် GRAND SPORT တို့ ၀တ်စုံစပွန်ဆာစာချုပ် ချုပ်ဆို

January 31, 2018

MPT Myanmar National League 2018 ပြိုင်ပွဲဝင် မကွေးအက်ဖ်စီအသင်းနှင့် ၀တ်စုံစပွန်ဆာကုမ္ပဏီဖြစ်သော GRAND SPORT တို့သည် ယနေ့နံနက်ပိုင်းက ၀တ်စုံစပွန်ဆာစာချုပ်ကို ချုပ်ဆိုပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မကွေးအက်ဖ်စီ ဘောလုံးအသင်းမှ စီအီးအို ဦးစိုးမင်း၊ အသင်းမန်နေဂျာ ဦးကြည်လွင်၊ အတွင်းရေးမှူး ဦးအောင်မျိုးလွင်နှင့် ကစားသမားများ တက်ရောက်ခဲ့ပြီး GRAND SPORT မှ General Manager ဦးအောင်လွင်တို့ တက်ရောက်ခဲ့သည်။

GRAND SPORT အနေဖြင့် ၂၀၁၈ ခုနှစ်တွင် မကွေးဘောလုံးအသင်းမှ ကစားသမားများအတွက် ပွဲကန်ဝတ်စုံများ၊ လေ့ကျင့်ရေးဝတ်စုံများ၊ အားကစားရှပ်အကျီ င်္များနှင့် အုပ်ချုပ်/နည်းပြများအတွက် လေ့ကျင့်ရေးဝတ်စုံများ နှင့် အားကစားရှပ်အကျီ င်္များကို စပွန်ဆာအဖြစ် ပေးအပ်သွားမည်ဖြစ်သည်။