MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ Week-3 ပွဲစဉ် များကို လာမည့် ဖေဖော်ဝါရီ ၃၊ ၄၊ ၅ ရက်များတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး Week-3 တွင် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းနှင့် ISPE (A) ယူ-၂၁ အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ သည်။
ဖေဖော်ဝါရီ ၃ ရက်၊ မြ၀တီကွင်းတွင် ဧရာဝတီ ယူ-၂၁ အသင်းနှင့် မြ၀တီ ယူ-၂၁ အသင်း၊ စလင်း ကွင်းတွင် ဇွဲကပင် ယူ-၂၁ အသင်းနှင့် ရတနာပုံ ယူ-၂၁ အသင်း၊ ပဒုမ္မာကွင်းတွင် GFA FC ယူ-၂၁ အသင်းနှင့် ဟံသာဝတီ ယူ-၂၁ အသင်းတို့ ကစားကြမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၄ ရက်၊ စလင်းကွင်းတွင် MFF Youth အသင်းနှင့် စစ်ကိုင်းယူနိုက်တက် ယူ-၂၁ အသင်း၊ ပဒုမ္မာကွင်းတွင် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းနှင့် ISPE (A) ယူ-၂၁ အသင်းတို့ ကစားကြမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၅ ရက်၊ စလင်းကွင်းတွင် ဆောက်သမ်း ယူ-၂၁ အသင်းနှင့် ရန်ကုန် ယူ-၂၁ အသင်း၊ ပဒုမ္မာကွင်းတွင် မကွေး ယူ-၂၁ အသင်းနှင့် ရခိုင်ယူနိုက်တက် ယူ-၂၁ အသင်းတို့ အသီးသီးကစားကြမည်ဖြစ်သည်။
MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ နှစ်ပွဲစီ ကစားပြီး ချိန်တွင် GFA FC အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့က နှစ်ပွဲစလုံး အနိုင်ရထားပြီး ရမှတ် ခြောက်မှတ်စီဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားကြသည်။