MPT MNL II 2018 ပွဲစဉ် (၂) အပြီး အမှတ်ပေးဇယားကို ဒဂုံအသင်း ဦးဆောင်နိုင်ခဲ့ပြီး တောင်ခြင်္သေ့အသင်း ပွဲဦးထွက် သရေရလဒ်ကြုံတွေ့

February 2, 2018

ယနေ့ညနေပိုင်းက ကျင်းပခဲ့သည့် MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂)တွင် ဒဂုံအသင်းနိုင်ပွဲရပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ကာ အသင်းသစ် တောင်ခြင်္သေ့အသင်းမှာ ပွဲဦးထွက် သရေရလဒ် ကြုံတွေ့ခဲ့သည်။

သုဝဏ္ဏကွင်းကွင်း၌ ကျင်းပခဲ့သည့် ရွိုင်ရယ်သန်လျင်အသင်းနှင့် တောင်ခြသေ့င်္အသင်းတို့ ပွဲစဉ်တွင် အသင်းသစ် တောင်ခြသေ့င်္အသင်း ပွဲစအတွင် ပုံစံကောင်းပြပြီး ဖိကစားနိုင်ခဲ့သော်လည်း ဦးဆောင်ဂိုးကို ရွိုင်ရယ်သန်လျင်အသင်းက ပင်နယ်တီမှ တစ်ဆင့် စတင်ရရှိခဲ့သည်။ သို့သော် ပွဲချိန် ၂၈ မိနစ်တွင် ကျော်ဇင်ဦးက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့သဖြင့် ပွဲအပြီး တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ပဒုမ္မာကွင်း၌ ကျင်းပခဲ့သည့် ယူနီဗာစတီအသင်းနှင့် ငွေကြယ်ပွင့်လေးများအသင်းတို့ ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့်ပင် ပြီးဆုံးခဲ့သည်။ ယူနီဗာစတီအသင်းမှာ လိဂ်ပြိုင်ပွဲအစ နှစ်ပွဲဆက် သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်းလည်းဖြစ်သည်။

စလင်းကွင်း၌ ယှဉ်ပြိုင်ခဲ့သော ဒဂုံအက်ဖ်စီအသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ဒဂုံအသင်းက ၈၉ မိနစ်တွင် ဇော်လင်းဦး သွင်းယူသော တစ်လုံးတည်းသော နောက်ကျအနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ အနိုင်ရလဒ်ကြောင့် ဒဂုံအသင်းအနေဖြင့် ပွဲစဉ်(၂) အပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။

ပွဲစဉ် (၁)အပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သော ရွိုင်ရယ်သန်လျင်အသင်းမှာ အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။