မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပသည့် ရှုံးထွက်ဘောလုံး ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှူံးထွက်ဘောလုံးပြိုင်ပွဲကြီး အတွက် မဲခွဲပွဲ အခမ်းအနားကို လာမည့် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁း၃၀ နာရီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တည်ရှိရာ Goal Hotel အစည်းအဝေးခန်းမတွင် ပြုလုပ်သွားမည် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး မြန်မာ့ဘောလုံးလောက၏ ဂုဏ်သိက္ခာမြင့်မားသည့် ပြိုင်ပွဲတစ်ရပ်လည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက် ဘောလုံးပြိုင်ပွဲ၏ ချန်ပီယံဆုကို ရှမ်းယူနိုက်တက် အသင်းက ရယူနိုင်ခဲ့ပြီး ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် ဧရာဝတီ ယူနိုက်တက်၊ ၂၀၁၆ ခုနှစ်တွင် မကွေးအသင်းတို့ ရရှိထားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံး ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ် – ၁ နှင့် မြန်မာနေရှင်နယ်လိဂ် -၂ တို့မှာ ကလပ်အသင်းများအားလုံး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။