၂၀၁၈ ခုနှစ် အေအက်ဖ်စီဖလားပြိုင်ပွဲသို့ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်

February 7, 2018

အာရှဘောလုံးအဖွဲ့ချုပ်(AFC) မှ ကြီးမှူးကျင်းပမည့် ၂၀၁၈ ခုနှစ် အေအက်ဖ်စီဖလားဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် ၃၆ သင်းဖြင့် ယခုလ ဒုတိယပတ်အတွင်း စတင်ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းမှာ ဖိလစ်ပိုင်ကလပ် ဆီရီနိဂရိုးစ်၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်၊ ကမ္ဘောဒီးယားကလပ် အန်ကောအက်ဖ်စီ အသင်းတို့နှင့် အုပ်စု(စ)တွင် ကျရောက်လျက်ရှိပြီး အဖွင့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဟုမ်းယူနိုက်တက်အသင်းကို အိမ်ကွင်းသုဝဏ္ဏကွင်း၌ ဧည့်ခံယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းနှင့် ဆီရီနိဂရိုးစ်အသင်းတို့မှာ 2018 AFC Champions League ပထမအဆင့်ခြေစစ်ပွဲတွင် တွေ့ဆုံခဲ့ဖူးပြီး AFC Cup တွင် ထပ်မံတွေ့ဆုံနေခြင်းလည်းဖြစ်သည်။

ထို့အတူ ရန်ကုန်ယူနိုက်တက်အသင်းမှာ အုပ်စု(ဆ)တွင် အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်၊ ဖိလစ်ပိုင်ကလပ် ဂလိုဘယ်ဆီဘူး၊ ဗီယက်နမ်ကလပ် သန်ဟွာအက်ဖ်စီ အသင်းတို့နှင့် တွေ့ဆုံနေပြီး ပွဲဦးထွက် ဘာလီယူနိုက်တက်အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။

၂၀၁၇ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာ ယခုပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်ပြီး ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ၌ ဒုတိယနေရာ ရပ်တည်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းက ၅ ကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။

 

 

ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ရမည့် ၂၀၁၈ အေအက်ဖ်စီဖလား အုပ်စုအဆင့်ပွဲစဉ်များ

ဖေဖော်ဝါရီ ၁၃

ရှမ်းယူနိုက်တက်-ဟုမ်းယူနိုက်တက်(သုဝဏ္ဏ)

ဖေဖော်ဝါရီ ၂၇

အန်ကောအက်ဖ်စီ-ရှမ်းယူနိုက်တက်

မတ်လ ၆

ဆီရီနိဂရိုးစ်- ရှမ်း

မတ်လ ၁၄ ရက်

ရှမ်း- ဆီရီနိဂရိုးစ်

ဧပြီလ ၁၁ ရက်

ဟုမ်းယူနိုက်တက်-ရှမ်းယူနိုက်တက်

ဧပြီလ ၂၅

ရှမ်းယူနိုက်တက်-အန်ကောအက်ဖ်စီ

 

ရန်ကုန်ယူနိုက်တက်အသင်းယှဉ်ပြိုင်ရမည့် ၂၀၁၈ အေအက်ဖ်စီဖလား အုပ်စုအဆင့်ပွဲစဉ်များ

ဖေဖော်ဝါရီ ၁၃ ရက်

ဘာလီယူနိုက်တက်-ရန်ကုန်ယူနိုက်တက်

ဖေဖော်ဝါရီ ၂၇ ရက်

ရန်ကုန်ယူနိုက်တက်-သန်ဟွာအက်ဖ်စီ

မတ်လ ၇ ရက်

ရန်ကုန်ယူနိုက်တက်-ဂလိုဘယ်ဆီဘူး

မတ်လ ၁၃ ရက်

ဂလိုဘယ်ဆီဘူး- ရန်ကုန်ယူနိုက်တက်

ဧပြီလ ၁၁ ရက်

ရန်ကုန်ယူနိုက်တက်-ဘာလီယူနိုက်တက်

ဧပြီလ ၂၅ ရက်

သန်ဟွာအက်ဖ်စီ-ရန်ကုန်ယူနိုက်တက်