U-21 အမှတ်ပေးပွဲ(Week-4)တွင် လက်ရှိချန်ပီယံဧရာဝတီနှင့် ရှမ်းယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံ

February 7, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-4) ပွဲစဉ် များကို လာမည့် ဖေဖော်ဝါရီ ၈၊ ၉၊ ၁၀ ရက်များတွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး Week-4 တွင် လက်ရှိချန်ပီယံဧရာဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ ကြသည်။

လက်ရှိချန်ပီယံ ဧရာဝတီယူနိုက်တက်အသင်းသည် သုံးပွဲကစားပြီးချိန်ထိ နိုင်ပွဲ မရရှိသေးဘဲ နှစ်ပွဲ သရေ၊ တစ်ပွဲ ရှုံးနိမ့်ကာ အမှတ်ပေးဇယား အဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။ ဧရာဝတီ အသင်းနှင့်ကစားမည့် ရှမ်းယူနိုက်တက်အသင်းသည် သုံးပွဲကစားအပြီးတွင် နှစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရမှတ်ခြောက်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရှမ်း ယူနိုက်တက်အသင်းတို့ ကစားမည့် ပွဲစဉ်ကို လာမည့် ဖေဖော်ဝါရီ ၉ ရက်၊ ပဒုမ္မာဘောလုံးကွင်း တွင် ကျင်းပမည်ဖြစ်သည်။

အခြား (Week-4) ပွဲစဉ်များအဖြစ် ဖေဖော်ဝါရီ ၈ ရက်၊ ပဒုမ္မာကွင်းတွင် ရတနာပုံအသင်းနှင့် စစ် ကိုင်းယူနိုက်တက်အသင်း၊ ဖေဖော်ဝါရီ ၉ ရက်၊ စလင်းကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် GFA FC အသင်းတို့ ကစားကြမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၀ ရက်၊ ပဒုမ္မာကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဇွဲကပင်ယူနိုက်တက် အသင်း၊ စလင်းကွင်းတွင် ISPE (A) နှင့် ဆောက်သမ်းအသင်း၊ ဖေဖော်ဝါရီ ၁၁ ရက် မြ၀တီ ကွင်း တွင် မြ၀တီအက်ဖ်စီအသင်းနှင့် MFF Youth အသင်း၊ စလင်းကွင်းတွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် မကွေးအသင်းတို့ အသီးသီး ကစားကြမည်ဖြစ်သည်။

လက်ရှိသုံးပွဲစီကစားပြီးချိန်တွင် ရတနာပုံအသင်းက ရမှတ် ခုနစ်မှတ်ဖြင့် အဆင့် ၂ နေရာမှ ISPE (A) အသင်းနှင့် ရမှတ် တူ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယား ကို ဦးဆောင်နေသည်။ အဆင့် ၃၊ ၄၊ ၅ ၊ ၆ နေရာများတွင် ဟံသာဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ GFA FC နှင့် မကွေးအသင်း တို့က အစဉ်လိုက် ရပ်တည်နေကြသည်။