ဦး​ဆောင်​ဂိုးများရရှိပြီးမှသ​ရေ(၁)မှတ်​ဖြင့်​သာ​ကျေနပ်​ခဲ့ရ​သောမြဝတီအသင်း။

February 17, 2018

MPT Myanmar National League 2018 ​ဘောလုံးပြိုင်​ပွဲ Week-6 ပွဲစဉ်​များမှပွဲစဉ်​တစ်
ပွဲဖြစ်​​သော မြဝတီအက်စီအသင်း နှင့်​ ရတနာပုံအက်​စီအသင်း တို့သည်​ယ​နေ့ည​နေ(၄)နာရီ
အချိန်​က သုဝဏ္ဏကွင်းတွင်​ယှဉ်​ပြိုင်​ကစားခဲ့ကြသည်​။

ရတနာပုံအက်​စီအသင်းသည်​ (၂)ပွဲဆက်​ နိုင်​ပွဲ​ပျောက်​ဆုံး​နေမှုကို ရပ်​တန့်​ရန်​အတွက်​ယ​နေ့
ပွဲစဉ်​ကို ရှိုင်းသူရ ၊စည်​သူ​အောင်​ ၊ဝင်းနိုင်​ထွန်း ၊ သက်​နိုင်​ ၊ရဲကိုဦး စသည့်​တိုက်​စစ်​အားသန်​ကစားသမားအများစုကိုပွဲထုတ်​လာခဲ့ပြီး၊မြဝတီအက်​စီအသင်းကလည်း အသင်းကြီးရတနာပုံ
အက်​စီထံမှ အမှတ်​ရရှိရန်​အတွက်​ ရဲ​ဝေယံစိုး ၊​ကောင်းစည်​သူ ၊သက်​ပိုင်​ကို ၊​ဝေယံဦး စသည့်
အမာခံကစားသမားအများစုဖြင့်​ပွဲထွက်​လာခဲ့သည်​။

ယ​နေ့ပွဲစဉ်​တွင်​မြဝတီအသင်းသည်​ ရတနာပုံအသင်းကို ရှိန်​မ​နေပဲ ပထမပိုင်း(၃၉)မိနစ်​တွင်
ကောင်းစည်​သူဧ။်​ဦး​ဆောင်​ဂိုးဖြင့်​ပွဲကိုဦး​ဆောင်​ကစားနိုင်​ခဲ့သည်​။ဒုတိယပိုင်းပြန်​လည်​စတင်​ချိန်
တွင်ရတနာပုံအသင်းသည်​တိုက်​စစ်​ကိုဖွင့်​ကစားရန်​အတွက်​ကွင်းလယ်​ကစားသမား လှိုင်းဘိုဘို
ဧ။်​​နေရာတွင်​တိုက်​စစ်​မှူးဝင်းနိုင်​စိုးကိုထည့်​သွင်းအသုံးပြုခဲ့သည်​။ပွဲကစားချိန်​(၅၂)မိနစ်​တွင်​ရတနာပုံအသင်း ပယ်​နတီ ကန်​ခွင့်​ရခဲ့​သော်​လည်း စည်​သူ​အောင်​ကန်​သွင်းခဲ့​ရာ မြဝတီဂိုးသမား
ကာကွယ်​သွားနိုင်​ခဲ့သည်​။ရတနာပုံအသင်းအတွက်​​ချေပဂိုးကို​တော့ပွဲကစားချိန်​(၆၄)မိနစ်​တွင်
သက်​နိုင်​ကဂိုးသမားဧ။်​ညာဘက်​​ထောင့်​ကိုအပြင်းကန်​သွင်းယူနိုင်​ခဲ့ခြင်းဖြစ်​သည်​။မြဝတီအသင်းအတွက်​ဒုတိယဦး​ဆောင်​ဂိုးကိုပွဲကစားချိန်​(၇၅)မိနစ်​တွင်​ ရဲ​ဝေယံစိုးက ပြစ်​ဒဏ်​​ဘောမှတစ်​ဆင့်
တိုက်​ရိုက်​ကန်​သွင်းယူနိုင်​ခဲ့​သော်​လည်း ၊ပွဲကစားချိန်​(၇၇)မိနစ်​တွင်​ရတနာပုံအသင်းဧ။်​လူစားဝင်​တိုက်​စစ်​မှူး ဝင်းနိုင်​စိုးက​ချေပဂိုးပြန်​လည်​သွင်းယူနိုင်​ခဲ့သည်​။လက်​ကျန်​မိနစ်​များမှာ​တော့ နှစ်​သင်းစလုံးဂိုးသွင်းယူနိုင်​ခဲ့ခြင်းမရှိပဲ ပွဲပြီးဆုံးခဲ့သည်​။