MPT Myanmar National League 2018 Week-6 ပွဲစဉ်များမှပွဲစဉ်တစ်ပွဲဖြစ်သောရန်ကုန်ယူနိုက်တက်အသင်း နှင့် ဂျီအက်ဖ်အေအသင်းတို့သည်ယနေ့ညနေ(၃း၃၀)အချိန်ကရန်
ကုန်ယူနိုက်တက်အသင်းဧ။်အိမ်ကွင်းဖြစ်သော Y.U.S.C ကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ယနေ့ပွဲစဉ်တွင်ရန်ကုန်ယူနိုက်တက်အသင်းသည် ကြည်လင်း ၊ဒေးဗစ်ဒန်း ၊ရန်အောင်ကျာ် ၊မောင်မောင်လွင် ၊ဆီလာ ၊စသည့်အဓိကကစားသမားများကိုပွဲထုတ်လာခဲ့ပြီးဂျီအက်ဖ်အေအသင်းကလည်း ဇင်ကိုထွန်း ၊ရွှေဝင်းထွန်း ၊ဖီလစ်ထွန်း ၊တင်အောင်ကျော်စသည့်
အဓိကကစားသမားများဖြင့်ပွဲထွက်လာခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည်အိမ်ကွင်းတွင်ရမှတ်မဆုံးရှုံးရန်အတွက် ပွဲစသည်
ဆိုတာဖြင့် လျင်လျင်မြန်မြန်ကစားပြီး ပြိုင်ဘက် ဂျီအက်ဖ်အေအသင်းအပေါ်အကောင်းဆုံးဖိအား
ပေးကစားနိုင်ခဲ့သည်။ထို့ကြောင့်လည်းပွဲကစားချိန် (၁၆)မိနစ်နှင့်(၂၁)မိနစ်တို့တွင်ဆီလာနှင့်မောင်မောင်လွင်တို့ အခွင့်အရေးတစ်ကြိမ်ဆီရရှိခဲ့ပြီးဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့သောကြောင့်
ဦးဆောင်ဂိုး စောစောမရရှိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲကစားချိန် ၂၈မိနစ်တွင် ကြည်လင်းဖြတ်တင် ပေးပို့မှုမှ တစ်ဆင့် တိုက်စစ်မှူး အီစိုးက ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်၊ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် တိုက်စစ်မြှင့်တင်သည်အနေဖြင့် ဆီလာနေရာတွင် အီမန်နူယယ် ကို ထည့်သွင်းအသုံးပြုခဲ့သော် ကြောင့် တိုက်စစ်ပိုမိုကောင်းမွန်လာခဲ့ပြီး ဂိုးများ ထပ်မံရရှိခဲ့သည်၊ရန်ကုန်ယူနိုက်တက်အသင်း အတွက် ဒုတိယဂိုးကိုတော့ ပွဲကစားချိန် ၅၃မိနစ်တွင် လူစားဝင်ကစားသမား အီမန်နူယယ်က သွင်းယူပေးခဲ့ပြီး လက်ကျန်မိနစ်များတွင် ဂျီအက်ဖ်အေအသင်းကို တစ်ဘက်သက်ဖိကစားပြီး ဂိုးများထပ်မံသွင်းယူနိုင်ခဲ့သည်။ ပွဲကစားချိန် ၆၀မိနစ်တွင် ယာမာဇာကီ၊ ၆၁မိနစ်တွင် အီမန်နူယယ်၊၇၃မိနစ်တွင် ကြည်လင်း၊၈၃မိနစ်တွင် အီစိုးတို့က ဂိုးများထပ်မံသွင်းယူပြီး ပွဲပြီးဆုံးချိန်တွင် ဂျီအက်ဖ်အေအသင်းကို ၆-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
MPT Myanmar National League 2018(Week-6)
Yangon United FC 6 – 0 GFA FC
Aee Soe (28′ /83′)
Emmanuel (53′ /61′)
Yamazaki (60′)
Kyi Lin (73′)
Full Time…