MNL I

ဂျီအက်ဖ်အေကို ဂိုးပြတ်အနိုင်ယူပြီး ဝေသာလီမြေတွင် ရခိုင်ယူနိုက်တက်အသင်းသားတို့ အောင်ပွဲခံ

By khtit

February 24, 2018

ယနေ့ညနေပိုင်းက MPT Myanmar National League 2018 ပွဲစဉ်(၇) ပွဲစဉ်တစ်ပွဲအဖြစ် စစ်တွေမြို့ ဝေသာလီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ရခိုင်ယူနိုက်တက်အသင်းနှင့် ဂျီအက်ဖ်အေ အသင်းတို့ ပွဲစဉ်တွင် အိမ်ရှင်အသင်းက သုံးဂိုးပြတ်အနိုင်ရရှိကာ ရာသီသစ် အိမ်ကွင်းပွဲစဉ်ကို နိုင်ပွဲနှင့် စတင်တာထွက်နိုင်ခဲ့သည်။

ယင်းပွဲစဉ် ပထမပိုင်းတွင် ဧည့်သည် ဂျီအက်ဖ်အေ အသင်းက အကောင်းဆုံးပုံစံဖြင့် ရခိုင်နောက်တန်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် အချို့ဖန်တီးနိုင်ခဲ့သည်။ အထူးသဖြင့် ဂျီအက်ဖ်အေအသင်းက အီမန်နျူရယ်၊ ဇော်လင်း၊ အယ်ဖာကော့စခါ တို့၏ တိုက်စစ်တွဲလုံးများက ကလစ်ဖို့ဒ် ဦးဆောင်သော ရခိုင်နောက်တန်းကို အလုပ်ရှုပ်စေခဲ့သည်။ သို့သော် ပထမပိုင်းတွင် နှစ်သင်းစလုံး အခွင့်အရေး နှစ်ကြိမ်ခန့် ရရှိခဲ့သော်လည်း အဆုံးသတ် အားနည်းမှုကြောင့် ဂိုးမရှိသရေ ရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။