MPT Myanmar National League 2018 ရာသီအတွက် ရာပြည့်ဂိုးရှင် ဖြစ်လာတဲ့ တိုက်စစ်မှူး ဆန်းဒေးမက်သရူး

February 24, 2018

အားလုံးစိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ ၁၀၀ မြောက် သွင်းဂိုးရှင်ကတော့ ပွဲစဉ် (၇)ရဲ့ ဒုတိယနေ့ ပွဲစဉ်တွေ အပြီးမှာပဲ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီ ရာပြည့်ဂိုးသွင်းရှင်ကတော့ ရခိုင်ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဆန်းဒေးမက်သယူး ဖြစ်ပြီး ဒီကနေ့ စစ်တွေမြို့က ဝေသာလီကွင်းမှာ ကစားခဲ့တဲ့ ဂျီအက်ဖ်အေ အသင်းနဲ့ ပွဲမှာ အသင်းအတွက် တတိယဂိုးကို ပင်နယ်တီကနေ သွင်းယူပေးရင်း ရာပြည့်ဂိုးသွင်းရှင်အဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

#MPTMNL2018
#100thgoal