MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် MFF Youth အသင်းတို့ ခြေစမ်းကစားခဲ့ရာ တက္ကသိုလ်အသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
တက္ကသိုလ်လက်ရွေးစင်အသင်းအတွက် ဂိုးများကို ပွဲချိန် ၂၆၊ ၃၅ မိနစ်များတွင် ခွန်ဝင်းသူက လည်းကောင်း၊ ၅၃ မိနစ်တွင် သန့်ဇင်ကလည်းကောင်း၊ ၈၅ မိနစ်တွင် နေမျိုးထွေးကလည်းကောင်း အသီးသီး သွင်းပေးခဲ့ကြပြီး MFF Youth အသင်းအတွက် ချေပဂိုးနှစ်ဂိုးကို ပွဲချိန် ၅ မိနစ်တွင် ခွန်ကျော်ဇင်ဟိန်း၊ ၄၅+၁ မိနစ်တွင် ဇော်ဝင်းဟိန်းတို့ကလည်း သွင်းပေးခဲ့ကြသည်။ ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် တက္ကသိုလ်လက်ရွေးစင်အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အသင်းဖြစ်သည်။