MNL I

ရန်ကုန်ယူနိုက်တက်-သန်ဟွာအက်ဖ်စီ ပွဲစဉ်မတိုင်မီ နှစ်ဖက်နည်းပြများနျှင့် ကစားသမားများ၏ ပြောစကားများ

By khtit

February 26, 2018

အာရှဘောလုံးအဖွဲ့ချုပ်(AFC) မှ ကြီးမှူးကျင်းပမည့် ၂၀၁၈ ခုနှစ် အေအက်ဖ်စီဖလား အုပ်စု (G) ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၇ ရက်၊ ညနေ ၃း၃၀ အချိန်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဗီယက်နမ်ကလပ် သန်ဟွာအက်ဖ်စီ အသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။ ယင်းပွဲစဉ်မတိုင်မီ ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှ နှစ်ဖက်အသင်းနည်းပြများနှင့် ကစားသမားများ၏ ပြောစကားအချို့ကို ဖော်ပြပေးလိုက်ပါသည်။