” AFC Club Licensing Spot Delegation အဖွဲ့ဝင်များ MFF နှင့် MNL ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအား တွေ့ဆုံနူတ်ဆက်”

February 26, 2018

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများအနက် AFC Club ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ကလပ်အသင်းများအနက် ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအက်ဖ်စီ အသင်းများ၏ ၂၀၁၇ ခုနှစ်အတွင်း စီမံဆောင်ရွက်ခဲ့သော AFC Club Licensing Criteria များအား ဖြည့်ဆည်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ အသေးစိပ် ထပ်မံကြည့်ရှုစစ်ဆေးရန်အတွက် AFC မှ စေလွှတ်သည့် ဂျာမနီနိုင်ငံသား အဖွဲ့ဝင် ၂ဦးပါဝင်သော AFC Club Licensing Spot Check Delegation အဖွဲ့သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွှဲပိုင်း လေးထောင့်ကန်၊ ပုလဲမြို့သစ်ရှိ ရှမ်းယူနိုက်တက်အသင်း လေ့ကျင့်ရေးကွင်း၊ အသင်းရုံးနှင့် အသင်း Hostel များကို မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ထို့အတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ် YUSC ရှိ ရန်ကုန်ယူနိုက်တက်ရုံးခန်း၊ Gym Room, Swimming Pool Training Ground, Team Hostel နှင့် အသင်းအမှတ်တရပစ္စည်း အရောင်းဆိုင်များကို လှည့်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ကဏ္ဍအလိုက်တာဝန်ရှိသူများက အသေးစိပ်ရှင်းလင်းတင်ပြခဲ့ကြသည်။

ဂျာမနီနိုင်ငံသား မာရှယ်နှင့် ဂျိုဟန်တို့ပါဝင်သည့် အဆိုပါ AFC Club Licensing Spot Check ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် သုဝဏ္ဏမြက်ခင်းတုကွင်း၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အား တွေ့ဆုံနူတ်ဆက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀:၁၅ အချိန်တွင် လွယ်ဟိန်းကုမ္ပဏီရုံးချုပ်၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုတိယဥက္ကဋ္ဌ (ရတနာပုံအသင်းပိုင်ရှင်) ဒေါက်တာစိုင်းဆမ်ထွန်းအား လည်းကောင်း တွေ့ဆုံနူတ်ဆက်၍ မြန်မာနေရှင်နယ်လိဂ်နှင့် ပတ်သတ်၍ အကြံပြုဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် AFC Club Licensing Spot Check ကိုယ်စားလှယ်အဖွဲ့သည် ရတနာပုံအသင်း တာဝန်ရှိသူများနှင့် အသေးစိပ် တွေ့ဆုံဆွေးနွေးရန်နှင့် အိမ်ကွင်းကျင်းပနေသည့် မန္တလာသီရိကွင်းနှင့် လေ့ကျင့်ရေးကွင်းများကို ဆက်လက်ကြည့်ရှုစစ်ဆေးရန် MNL CEO ဦးစိုးမိုးကျော်၊ Club Licensing Manager ဦးမိုးသွင်ထွန်းနှင့် Operation and PR Manager ဦးအောင်အောင်မျိုးတို့နှင့်အတူ မန္တလေးမြို့သို့ ယနေ့မွန်းလွဲပိုင်းတွင် ဆက်လက်ထွက်ခွာသွားသည်။