MNL I

” AFC Club Licensing Spot Delegation အဖွဲ့ဝင်များ MFF နှင့် MNL ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအား တွေ့ဆုံနူတ်ဆက်”

By khtit

February 26, 2018

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများအနက် AFC Club ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ကလပ်အသင်းများအနက် ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအက်ဖ်စီ အသင်းများ၏ ၂၀၁၇ ခုနှစ်အတွင်း စီမံဆောင်ရွက်ခဲ့သော AFC Club Licensing Criteria များအား ဖြည့်ဆည်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ အသေးစိပ် ထပ်မံကြည့်ရှုစစ်ဆေးရန်အတွက် AFC မှ စေလွှတ်သည့် ဂျာမနီနိုင်ငံသား အဖွဲ့ဝင် ၂ဦးပါဝင်သော AFC Club Licensing Spot Check Delegation အဖွဲ့သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွှဲပိုင်း လေးထောင့်ကန်၊ ပုလဲမြို့သစ်ရှိ ရှမ်းယူနိုက်တက်အသင်း လေ့ကျင့်ရေးကွင်း၊ အသင်းရုံးနှင့် အသင်း Hostel များကို မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့သည်။