ယူ-၁၉ လူငယ်အမှတ်ပေးပြိုင်ပွဲတွင် ဆောက်သမ်းမြန်မာအသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်

February 28, 2018

ယူ-၁၉ လူငယ်အမှတ်ပေးပြိုင်ပွဲတွင် ဆောက်သမ်းမြန်မာအသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်

MPT Myanmar National League (U-19) 2018 Week(5) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ညနေပိုင်းက စလင်းကွင်း၌ ဆောက်သမ်းမြန်မာယူ-၁၉ အသင်းနှင့် ရန်ကုန်ယူနိုက်တက် ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဆောက်သမ်းလူငယ်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အမှတ်ပေးဇယား ထိပ်ဆုံးမှ ဆောက်သမ်းမြန်မာလူငယ် အသင်းအနေဖြင့် ပထမပိုင်းတွင် တစ်ဂိုး၊ ဂိုးမရှိဖြင့် ရန်ကုန်အသင်း ဦးဆောင်ခြင်း ခံခဲ့ရသော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုး သွင်းယူ၍ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ၄၂ မိနစ်တွင် တိုက်စစ်မှူး လွှမ်းမိုးဦးက သွင်းယူပေးခဲ့ပြီး ဆောက်သမ်းအသင်းအတွက် ချေပဂိုးကို လူစားဝင် ကစားသမား ဇင်မင်းက ပွဲချိန် ၇၁ မိနစ်၊ အနိုင်ဂိုးကို ပွဲချိန် ၈၇ မိနစ်တွင် တိုက်စစ်မှူး မင်းခန့်သိန်းတို့က သွင်းယူပေးခဲ့ကြသည်။

ဆောက်သမ်းအသင်းသည် ယခုပွဲ အနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယားကို ရမှတ် ၁၂ မှတ်ဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။