ဆောက်​သမ်းမြန်​မာကွင်းတွင်​ရမှတ်​(၁)မှတ်​သာရယူနိုင်​ခဲ့​သောရတနာပုံအသင်း။

March 3, 2018

 

MPT Myanmar National League Week-8 ပွဲစဉ်​များဧ။်​အဖွင့်​ပွဲဖြစ်​​သော ​ဆောက်​သမ်း
မြန်​မာအသင်းနှင့်​ရတနာပုံအသင်းတို့သည်​ ယ​နေ့ည​နေ(၃း၃၀)အချိန်​က ​​ဆောက်​သမ်းမြန်​မာအသင်း
ဧ။်​အိမ်​ကွင်းဖြစ်​​သော ​မော်​လမြိုင်​ကွင်းတွင်​ယှဉ်​ပြိုင်​ကစားခဲ့ကြသည်​။

ရတနာပုံအသင်းသည်​ ယ​နေ့ပွဲစဉ်​ကိုနိုင်​ပွဲရရှိရန်​အတွက်​ ​ရဲကိုဦး ၊လှိုင်းဘိုဘို ၊မြတ်​​ကောင်းခန့်
၊သက်​နိုင်​ ၊ရှိုင်းသူရ ၊စည်​သူ​အောင်​ စသည့်​အဓိက ကစားသမားများကိုပွဲထုတ်​လာခဲ့ပြီး​ ၊​ဆောက်​သမ်း
မြန်​မာအသင်းကလည်း ​ကောင်းစည်​သူ ၊ရန်​နိုင်​​ထွေး ၊​အောင်​မိုး ၊ထူးထူး​အောင်​ ၊စိုးမြတ်​သူ စသည့်​အ
သင်းဧ။်​ အဓိကကစားသမားများဖြင့်​ပွဲထွက်​လာခဲ့သည်​။

ယ​နေ့ပွဲစဉ်​တွင်​​ဆောက်​သမ်းမြန်​မာအသင်းသည်​ ရတနာပုံအသင်းကို အိမ်​ကွင်းတွင်​ ​ဘော
လုံးပိုင်​ဆိုင်​မှုအသာဖြင့်​ အ​ကောင်းဆုံး​ခြေစွမ်းပြကစားနိုင်​ခဲ့ပြီး အဆုံးသတ်​အားနည်းမှုတို့​ကြောင့်​သာ
အနိုင်​မရရှိခဲ့ခြင်းဖြစ်​သည်​။ပွဲကစားချိန်​ (၃၁)မိနစ်​တွင်​ ​ဆောက်​သမ်းမြန်​မာအသင်းကစားသမား ​ဇော်
လင်းထက်​ နှင့်​ ရတနာပုံအသင်းကစားသမား ရဲကိုဦးတို့ နှစ်​ဦးအချင်းများခဲ့​သော​ကြောင့်​ ကွင်းလယ်
ဒိုင်​က တိုက်​ရိုက်​အနီကဒ်​ဖြင့်​ထုတ်​ပယ်​ခဲ့ပြီး​နောက်​ပိုင်း ရတနာပုံအသင်းကွင်းလယ်​ကစားကွက်​ပျက်
သွားခဲ့ပြီး ​ဆောက်​သမ်းမြန်​မာအသင်းကပဲ ပွဲကိုစိုးမိုးသွားခဲ့သည်​။

ရတနာပုံအသင်းအတွက်​ အဖွင့်​ဂိုးကို တိုက်​စစ်​မှူး ရှိုင်းသူရက ပွဲကစားချိန်​(၁၀)မိနစ်​တွင်​ သွင်းယူ​ပေးနိုင်​ခဲ့​သော်​လည်း ​ဆောက်​သမ်းမြန်​မာအသင်းတိုက်​စစ်​မှူး ရန်​နိုင်​​ထွေးက ပွဲကစားချိန်​မိနစ်​(၂၀)
တွင်​​ချေပဂိုးပြန်​လည်​သွင်းယူနိုင်​ခဲ့သည်​။လက်​ကျန်​မိနစ်​များမှာ​တော့ နှစ်​သင်းစလုံး ဂိုးသွင်းယူနိုင်​ခဲ့ခြင်းမရှိ ပဲ (၁ – ၁)ရလဒ်​ဖြင့်​သာပွဲပြီးဆုံးခဲ့သည်​။

MPT Myanmar National League 2018

Southern Myanmar FC 1 – 1 Yadanarbon FC
Shine Thuya (10′)
Yan Naing Htwe (20′) Southern
Full Time..