AFC Cup 2018 ဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု တတိယပွဲစဉ်အဖြစ် အဝေးကွင်းတွင် ဖိလစ်ပိုင်ကလပ်၊ Ceres–Negros အသင်းနှင့် ကစားရမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းသည်လည်း အိမ်ကွင်းတွင် ဖိလစ်ပိုင်ကလပ် ၊ ဂလိုဘယ်အသင်းနှင့် ကစားရမည်ဖြစ်သည်။
AFC Cup 2018 ဘောလုံးပြိုင်ပွဲဝင် မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်း
AFC Cup အုပ်စု (F) တွင် ရှမ်းယူနိုက်တက်အသင်း၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်အသင်း၊ ဖိလစ်ပိုင်ကလပ် Ceres–Negros အသင်း၊ ကမ္ဘောဒီးယားကလပ် Boeung Ket Angkor အသင်းတို့ ပါဝင်နေသည်။ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု နှစ်ပွဲ ကစား ပြီးချိန်တွင် တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရမှတ် သုံးမှတ်ဖြင့် အုပ်စုအမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နေသည်။ Ceres–Negros အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲစဉ်ကို လာမည့် မတ် ၆ ရက်၊ ညနေ ၆း၀၀ (မြန်မာစံတော်ချိန်) Panaad Park ကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အဆိုပါပွဲစဉ်သည် ရှမ်းယူနိုက်တက်အသင်းအတွက် အုပ်စုတက်ရန် အရေးပါသည့် ပွဲစဉ်တစ်ပွဲ ဖြစ် လာမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် နှစ်ပွဲကစားပြီးတွင် ကမ္ဘောဒီးယားကလပ် Boeung Ket Angkor အသင်းကို အနိုင် ရထားပြီး စင်ကာပူကလပ် ဟုမ်းယူနိုက်တက်အသင်းကို ရှုံးနိမ့်ထားသည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ကစားမည့် ဖိလစ်ပိုင်ကလပ် Ceres–Negros အသင်းသည် နှစ်ပွဲကစားပြီးချိန်၌ တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ ရမှတ် လေးမှတ်ဖြင့် အုပ်စုအမှတ်ပေးဇယားကို ဦးဆောင် နေသည့်အသင်းဖြစ်သည်။ Ceres–Negros အသင်း အုပ်စုပွဲဦးထွက်တွင် ကမ္ဘောဒီးယားကလပ် Boeung Ket Angkor အသင်းကို ၉-၀ ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး အုပ်စုဒုတိယပွဲစဉ်တွင် ဟုမ်းယူနိုက်တက်အသင်းနှင့် တစ်ဂိုးစီ သရေကျထားသည်။ Ceres–Negros အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲစဉ်ကို For Sports ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည်ဖြစ်သည်။
AFC Cup 2018 ဘောလုံးပြိုင်ပွဲဝင် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်း
AFC Cup အုပ်စု(G)တွင် ရန်ကုန်ယူနိုက်တက်အသင်း၊ ဗီယက်မ်ကလပ် သန်ဟွာအသင်း၊ အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက် အသင်း၊ ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းတို့ ပါဝင်နေသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စု နှစ်ပွဲ ကစားပြီးချိန်တွင် နှစ်ပွဲစလုံး အနိုင်ရကာ ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုအမှတ်ပေးဇယားကို ဦးဆောင်နေသည်။ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂလို ဘယ်အသင်းတို့ ကစားရမည့်ပွဲစဉ်ကို လာမည့် မတ် ၇ ရက်၊ ညနေ ၃း၃၀၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လက်ရှိ အချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် အုပ်စုတက်ရန် အလားအလာကောင်းနေသော်လည်း ဂလိုဘယ်အသင်းကို ထပ်မံ အနိုင်ရခဲ့ပါ အုပ်စုတက်ရန် ပို၍ အလားအလာကောင်းမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် အုပ်စုနှစ်ပွဲကစားထားရာတွင် ဘာလီယူ နိုက်တက်အသင်းကို အဝေးကွင်းတွင် ၃-၁ ဂိုး၊ ဗီယက်နမ်ကလပ် သန်ဟွာအသင်းကို အိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားမည့် ဂလိုဘယ်အသင်းသည် အုပ်စု ပွဲဦးထွက်တွင် သန်ဟွာအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ထားပြီး အုပ်စုဒုတိယပွဲစဉ်တွင် ဘာလီယူနိုက်တက်အသင်းနှင့် တစ်ဂိုးစီ သရေကျထားသည်။
Group F
Pos | Team | Pld | W | D | L | GF | GA | GD | Pts | Qualification | CER | HOM | SHA | BKA | |
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
1 | ![]() |
2 | 1 | 1 | 0 | 10 | 1 | +9 | 4[a] | Zonal semi-finals | — | 25 Apr | 6 Mar | 9–0 | |
2 | ![]() |
2 | 1 | 1 | 0 | 2 | 1 | +1 | 4[a] | Zonal semi-finals if best runner-up | 1–1 | — | 11 Apr | 14 Mar | |
3 | ![]() |
2 | 1 | 0 | 1 | 2 | 2 | 0 | 3 | 14 Mar | 0–1 | — | 25 Apr | ||
4 | ![]() |
2 | 0 | 0 | 2 | 1 | 11 | −10 | 0 | 11 Apr | 6 Mar | 1–2 | — |
Group G
Pos | Team | Pld | W | D | L | GF | GA | GD | Pts | Qualification | YAN | THA | BAL | GLO | |
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
1 | ![]() |
2 | 2 | 0 | 0 | 5 | 2 | +3 | 6 | Zonal semi-finals | — | 2–1 | 11 Apr | 7 Mar | |
2 | ![]() |
2 | 1 | 0 | 1 | 2 | 2 | 0 | 3 | Zonal semi-finals if best runner-up | 25 Apr | — | 13 Mar | 1–0 | |
3 | ![]() |
2 | 0 | 1 | 1 | 2 | 4 | −2 | 1[a] | 1–3 | 7 Mar | — | 25 Apr | ||
4 | ![]() |
2 | 0 | 1 | 1 | 1 | 2 | −1 | 1[a] | 13 Mar | 11 Apr | 1–1 | — |