ယူ-၂၀ လူငယ်အမှတ်ပေးပွဲ (Week-4) တွင် အမှတ်ပေးဇယား ထိပ်ဆုံးအသင်းနှစ်သင်း ထိပ်တိုက်တွေ့

March 8, 2018

MPT Myanmar National League (U-20) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-4) ပွဲစဉ်များကို လာမည့် မတ် ၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ ISPE (B) အသင်းနှင့် အဆင့် ၂ နေရာမှ ဒဂုံ အက်ဖ်စီအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည်။

မတ် ၉ ရက်၊ ၄း၀၀ နာရီ၊ ပဒေသာကွင်းတွင် ငွေကြယ်ပွင့်အသင်းနှင့် တက္ကသိုလ်လက်ရွေးစင်အသင်း၊ စလင်းကွင်း တွင် ကချင်ယူနိုက်တက်အသင်းနှင့် Royal Thanlyin အသင်း၊ ဒဂုံကွင်းတွင် ISPE (B) အသင်းနှင့် ဒဂုံအက်ဖ်စီ အသင်းတို့ ကစားမည်ဖြစ်သည်။ ISPE (B) အသင်းသည် သုံးပွဲကစားပြီးချိန်၌ နှစ်ပွဲ နိုင်၊ တစ်ပွဲ သရေ ရမှတ် ခုနစ်မှတ် ဖြင့် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ဦးဆောင်နေသည်။ ဒဂုံအက်ဖ်စီအသင်းသည် နှစ်ပွဲ ကစားပြီးချိန်၌ နှစ်ပွဲ စလုံးအနိုင်ရထားကာ ရမှတ် ခြောက်မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။

မတ် ၉ ရက်၊ စလင်းကွင်းတွင် ကစားမည့် ကချင်ယူနိုက်တက်အသင်းနှင့် Royal Thanlyin အသင်းတို့ပွဲစဉ်ကို Myanmar National League Facebook Page မှ တိုက်ရိုက် LiveStream ပြသပေးမည်ဖြစ်သည်။