ယူ-၂၁ လူငယ်အမှတ်ပေးပွဲ (Week-8) တွင် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့ တွေ့ဆုံ

March 8, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-8) ပွဲစဉ်များကို လာမည့် မတ် ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်များတွင် ဆက်လက်ကစားသွားမည်ဖြစ်ပြီး Week-8 တွင် အဆင့် ၃ နေရာမှ ရှမ်းယူနိုက်တက်အသင်းနှင့် အဆင့် ၄ နေရာမှ ရန်ကုန် ယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည်။

ရှမ်းယူနိုက်တက်အသင်းသည် ခုနစ်ပွဲကစားပြီးချိန်၌ ငါးပွဲ နိုင်၊ နှစ်ပွဲ ရှုံး ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၃ တွင်လည်းကောင်း၊ ရန်ကုန်ယူနိုက် တက်အသင်းသည် ခုနစ်ပွဲကစားပြီးချိန်၌ သုံးပွဲ နိုင်၊ လေးပွဲ သရေ ရမှတ် ၁၃ မှတ်ဖြင့် အဆင့် ၄ နေရာတွင်လည်းကောင်း ရပ်တည်နေ သည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားမည့်ပွဲစဉ်ကို မတ် ၁၀ ရက်၊ ညနေ ၄း၀၀၊ ပဒုမ္မာကွင်းတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲစဉ်ကို Myanmar National League Facebook Page မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။

အခြားပွဲစဉ်များအဖြစ် မတ် ၉ ရက်၊ ညနေ ၄း၀၀ နာရီ၊ ပဒုမ္မာကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် မကွေးအက်ဖ်စီအသင်း၊ မတ် ၁၀ ရက်၊ ညနေ ၄း၀၀ နာရီ၊ စလင်းကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းအသင်းတို့ ကစားမည်ဖြစ်သည်။

မတ် ၁၁ ရက်၊ ညနေ ၄း၀၀ နာရီ၊ ပဒုမ္မာကွင်းတွင် ISPE (A) အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ မတ် ၁၂ ရက်၊ ညနေ ၄း၀၀ နာရီ ပဒုမ္မာကွင်းတွင် မြ၀တီအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်း၊ စလင်းကွင်းတွင် ရတနာပုံအသင်းနှင့် GFA FC အသင်းတို့ အသီးသီး ကစားကြမည်ဖြစ်သည်။ ခုနစ်ပွဲစီကစားပြီးချိန်တွင် ISPE (A) အသင်းက ခြောက်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ ရှုံးပွဲမရှိ ရမှတ် ၁၉ မှတ်ဖြင့် အမှတ် ပေးဇယား အဆင့် ၁ တွင် ရပ်တည်နေသည်။ ISPE (A) အသင်းသည် ယခုတစ်ပတ်တွင် လက်ရှိချန်ပီယံ ဧရာဝတီယူနိုက်တက်အသင်း နှင့် ကစားရမည်ဖြစ်သည်။

အစောပိုင်းတွင် မတ် ၁၁ ရက်၊ စလင်းကွင်းတွင် ကစားရန် စီစဉ်ထားသည့် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် MFF Youth အသင်းတို့ ပွဲစဉ်အား မေ ၂ ရက်သို့ ပြောင်းရွှေ့ထားသည်။