AFC Cup 2018 အုပ်စု(F) ပွဲစဉ်တွင် ဆဲရက်စ်နီဂရိုးစ်အသင်းက ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိ

March 14, 2018

AFC Cup 2018 အုပ်စု(F) ပွဲစဉ်တစ်ပွဲအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ဆဲရက်စ်နီဂရိုးစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည် အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။

ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ထိုပွဲစဉ်တွင် ဖိလစ်ပိုင်ကလပ် အသင်းအတွက်အနိုင်ဂိုးကို ပထမပိုင်း ၁၅ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် မာရာနီယွန်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယနေ့ပွဲစဉ်တွင် ဂိုးသမား သီဟစည်သူကို အရန် စာရင်းတွင် ထားပြီး ကွင်းလယ်အဖျက် တင်ဝင်းအောင်ကို ပထမပိုင်း ၃၉ မိနစ်အရောက်မှ အောင်ရှိုးသာမောင်နှင့် လူစားလဲ အသုံးပြုခဲ့သည်။ ထို့ပြင် ဒုတိယပိုင်းတွင် ဒွေးကိုကိုချစ်အစား ဇင်မင်းထွန်း၊ နေလင်းထွန်းအစား ပက်ထရစ်တို့ကို ထည့်၍ တိုက်စစ်မြှင့် ယှဉ်ပြိုင်ခဲ့သော်လည်း ချေပဂိုး သွင်းယူနိုင်ခြင်း မရှိသဖြင့် အိမ်ကွင်းရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

FT: Shan United 0-1 Ceres Negros
Maraa On 15′(p)