ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အောင်ဆန်းအားကစားကွင်းအား အကြီးစားပြင်ဆင်မှုများ ပြုလုပ်သွားမည်ဟု သိရပါသည်။
ထို့ကြောင့် အောင်ဆန်းအားကစားကွင်းအား သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ယခု မတ်လကုန်တွင် ပြန်လည်လွှဲပြောင်းပေးရမည် ဖြစ်ရာ ဧပြီလ ၂၈ ရက်နေ့တွင် အောင်ဆန်းကွင်း၌ ကျင်းပရန် သတ်မှတ်ထားသည့် ပွဲစဉ်(၁၁)မှ ဇွဲကပင်ယူနိုက်တက်-ဂျီအက်ဖ်အေ ပွဲစဉ်အား သုဝဏ္ဏကွင်းသို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ပါသည်။
ယင်းပွဲစဉ်အား အောင်ဆန်းကွင်းမှ သုဝဏ္ဏကွင်းသို့ ပြောင်းရွှေ့ ကျင်းပမည်ဖြစ်သော်လည်း ပြိုင်ပွဲနေ့ရက်နှင့် ပွဲချိန်တို့အား မူလသတ်မှတ်ထားသည့် အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။
MPT Myanmar National League 2018
Week (11)
၂၈-၄-၂၀၁၈
ဇွဲကပင်ယူနိုက်တက်-ဂျီအက်ဖ်အေ (သုဝဏ္ဏ)- ၄း၀၀