MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၆) အား ယခုတစ်ပတ် မတ်လ ၁၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒဂုံအက်ဖ်စီ နှင့် ရွိုင်ရယ်သန်လျင်၊ ငွေကြယ်ပွင့်လေးများ နှင့် တောင်ခြသေ့င်္အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ယခုတစ်ပတ်ပွဲစဉ်များအနက် မောရ၀တီအက်ဖ်စီ-ယူနီဗာစတီအက်ဖ်စီ ပွဲစဉ်အား ယူနီဗာစတီအသင်းမှ ကျောင်းသားများ၏ စာမေးပွဲဖြေဆိုရမည့် ကာလနှင့် တိုက်ဆိုင်နေသဖြင့် ဧပြီလ ၅ ရက်နေ့မှ ကျင်းပသွားမည်ဖြစ်ပါသည်။
ယခုတစ်ပတ်တွင် အဆင့် ၄ နေရာက ဒဂုံအက်ဖ်စီအသင်းနှင့် အဆင့် ၁ နေရာက ရွိုင်ရယ်သန်လျင်အသင်းတို့၏ အားပြိုင်မှုကို မြင်တွေ့ရမည့်ပွဲစဉ် ပါဝင်နေပြီး နှစ်သင်းစလုံးက ယခုနှစ်ရာသီ ရှုံးပွဲကြုံတွေ့ထားခြင်း မရှိသေးသည့် အသင်းများဖြစ်သည်။ ထို့ကြောင့် ဒဂုံအက်ဖ်စီ-ရွိုင်ရယ်သန်လျင် ပွဲစဉ်မှာ ပရိသတ်အကြိုက် ပွဲစဉ်တစ်ပွဲဖြစ်လာမည်ဖြစ်ပြီး ငွေကြယ်ပွင့်လေးများ-တောင်ခြသေ့င်္ ပွဲစဉ်မှာလည်း လတ်တလော ထိုနှစ်သင်း၏ ရပ်တည်မှုအနေအထားကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပွဲစဉ်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။
ငွေကြယ်ပွင့်လေးများ အသင်းမှာ ပွဲစဉ်(၅)အပြီး နိုင်ပွဲရရှိထားခြင်း မရှိသေးဘဲ အမှတ်ပေးဇယား အောက်ခြေတွင် ရပ်တည်လျက်ရှိသကဲ့သို့ တောင်ခြင်္သေ့အသင်းကလည်း ၄ ပွဲကစား ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးရလဒ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေခြင်းကြောင့်ဖြစ်သည်။
MPT Myanmar National League II 2018 ပွဲစဉ် (၅) အပြီး ရွိုင်ရယ်သန်လျင်အသင်းက ရမှတ် (၈) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေပြီး မောရ၀တီအသင်းက ရမှတ် (၇) မှတ်ဖြင့် အဆင့် ၂ နေရာရပ်တည်လျက်ရှိသည်။
ထို့ပြင် မြန်မာနေရှင်နယ်လိဂ် ၂ အမှတ်ပေး ဘောလုံးပြိုင်ပွဲအား ပရိသတ်များနှင့် ပိုမိုထိတွေ့မှု ရရှိစေရန်နှင့် အကြောင်းကြောင်းကြောင့် ကွင်းအတွင်းလာရောက်အားပေး ကြည့်ရှုနိုင်ခြင်း မရှိသည့် ပရိသတ်များအတွက် ရည်ရွယ်၍ အပတ်စဉ် အနည်းဆုံး ပွဲစဉ်(၂) ကို FB Live ပြသပေးသွားရန် ကြိုးပမ်းလျက်ရှိပါသည်။
ထို့ကြောင့် မတ်လ ၁၆ ရက်တွင် ယှဉ်ပြိုင်မည့် အထက်ပါ ပွဲစဉ် ၂ ပွဲအား MNL FB Page နှင့် MNL Web TV FB တို့မှ တိုက်ရိုက်ပြသပေးသွားမည်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Week 6
16-3-2018
Dagon FC Vs Royal ThanLyin (Padonmar) – (4:00)
16-3-2018
Silver Stars FC Vs Mountain Lion FC (Thuwunna) – (4:00)
5-4-2018
Mawyawadi FC Vs University FC (Thuwunna) – (4:00)