မကွေးအက်ဖ်စီအသင်းနှင့်ပွဲတွင် သရေရလျှင် အမြတ်ဟု GFA FC အသင်း နည်းပြ ပြော

March 29, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ Week-9 ပွဲစဉ်တစ်ပွဲအဖြစ် GFA FC အသင်းသည် မကွေးအသင်းနှင့် ကစားရမည်ဖြစ်ပြီး မကွေးနှင့်ပွဲတွင် သရေတစ်မှတ် ရရှိလျှင် အမြတ်ဟု GFA FC အသင်းနည်းပြ ဦးသာကျော်က ပြောခဲ့သည်။

GFA FC အသင်းသည် ပြီးခဲ့သည့် ၂၀၁၇ ဘောလုံးရာသီတွင် မကွေးအသင်းနှင့် နှစ်ကြိမ် တွေ့ဆုံထားပြီး တစ်ကြိမ်နိုင်ကာ၊ တစ်ကြိမ် သရေကျထား သည်။ ” ဟုတ်ပါတယ်။ မနှစ်က မကွေးနဲ့ တွေ့တုန်းကာ ရလဒ်ကောင်းတွေ ရရှိယူထားနိုင်ပါတယ်။ ဒါပေမယ့် မကွေးအသင်းက မနှစ်ထက် မကွေး အသင်းလို မဟုတ်တော့ပါဘူး။ ဒီနှစ်မှာ ရတနာပုံ၊ ရန်ကုန်တို့လို အသင်းကြီးတွေကို အနိုင်ကစားထားနိုင်တဲ့အတွက် အရမ်းကို စိတ်ဓာတ် တက်ကြွနေ ပါတယ်။ လေးလေးစားစားနဲ့ ကစားရမယ်။ မကွေးနဲ့ပွဲမှာ သရေရင်ကို အမြတ်လို့ပဲ ပြောလို့ရပါတယ်” ဟု GFA FC အသင်း နည်းပြ ဦးသာကျော်က  ပြောခဲ့သည်။

GFA FC အသင်းသည် နောက်ဆုံးကစားထားသည့် အမှတ်ပေးပွဲစဉ်များတွင် ခံစစ်မှ ပေးဂိုးများစွာ ပေးထားခဲ့ရပြီး ခုနစ်ပွဲ ကစားပြီးချိန်တွင် ရဂိုး ငါးဂိုးသာ ရှိသော်လည်း ပေးဂိုးသည် ၁၇ ဂိုးထိ ပေးထားရသည်။ ပေးဂိုးများခြင်းနှင့် ပတ်သက်၍ နည်းပြ ဦးသာကျော်က ” ပေးဂိုး အရမ်းများလွန်းနေပါတယ်။ ကစားတဲ့ ပုံစံက မဆိုးပါဘူး။ ကစားသမားတွေ ကြိုးစားကြတယ်။ ဒါပေမယ့် ဂိုးပေးလိုက်ရရင် ပေးဂိုးက ပိုများသွားတယ်။ လက်ကျန်ပွဲတွေ အများကြီး ကျန်ပါသေးတယ်။ အကောင်းဆုံးကြိုးစားပြီး ပြင်ဆင်သွားမှာပါ”  ဟု ပြောခဲ့သည်။ GFA FC အသင်းသည် ခုနစ်ပွဲ ကစားပြီးချိန်၌ တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ ငါးပွဲ ရှုံး ရမှတ် လေးမှတ်ဖြင့် တန်းဆင်းဇုန် အဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။ GFA FC အသင်းနှင့် ကစားမည့် မကွေးအက်ဖ်စီ အသင်းသည် ရှစ်ပွဲ ကစားပြီးချိန်တွင် ငါးပွဲ နိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၁၇ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။ GFA FC အသင်းနှင့် မကွေးအသင်းတို့ပွဲစဉ်ကို လာမည့် မတ် ၃၀ ရက်၊ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ကစားမည်ဖြစ်ပြီး MRTV Sports နှင့် For Sports ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသမည်ဖြစ်သည်။

MPT Myanmar National League 2018

Pos Club P W D L F A GD Pts
1 8 6 1 1 19 6 13 19
2 8 5 2 1 11 5 6 17
3 8 4 3 1 15 8 7 15
4 7 4 2 1 7 4 3 14
5 8 4 0 4 8 10 -2 12
6 8 3 2 3 11 10 1 11
7 8 3 1 4 7 8 -1 10
8 8 2 3 3 15 14 1 9
9 8 2 3 3 9 9 0 9
10 8 2 2 4 9 12 -3 8
11 7 1 1 5 5 17 -12 4
12 8 0 2 6 5 18 -13 2