MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-9) ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၃၁ ရက်(ယနေ့) ညနေက သုဝဏ္ဏကွင်းတွင် မြ၀တီအက်ဖ်စီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစတင်သည်နှင့် မြ၀တီအသင်းဘက်သို့ ဖိအားေုံပးကစားခဲ့ပြီး မြ၀တီအသင်းသည်လည်း တန်ပြန် တိုက်စစ်မှတစ်ဆင့် ရန်ကုန်အသင်းဘက်သို့ အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် ပထမပိုင်း ပြီးဆုံးချိန်ထိ ဂိုး မသွင်းနိုင်ဘဲ ဂိုးမရှိသရေကျခဲ့သည်။
ဒုတိယပိုင်းတွင် မြ၀တီအသင်းမှ ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး ရန်ကုန်အသင်းဘက်သို့ ထိထိရောက်ရောက်ကစားလာနိုင်ခဲ့ သည်။ သို့သော် ရန်ကုန်ယူနိုက်တက်အသင်းက ပွဲချိန် ၇၆ မိနစ်တွင် ဦးဆောင်ဂိုးရရှိသွားခဲ့သည်။ ထောင့်ကန်ဘောမှ တင်ပေးခဲ့သည့် ဘောလုံးကို တိုက်စစ်မှူး အီမန်နူရယ် ခေါင်းတိုက်ခဲ့ပြီး မြ၀တီအသင်း ကစားသမား အောင်သူနှင့်ထိကာ ဂိုးသွင်းသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါဂိုးအား ကွင်းလယ်ဒိုင်လူကြီးမှ အောင်သူ၏ OG ဂိုးအဖြစ် သတ်မှတ်ပေးခဲ့သည်။ မြ၀တီအသင်းသည် ပွဲပြီးခါနီးမိနစ် များတွင် ချေပဂိုးရရှိနိုင်မည့် အခွင့်အရေးအချို့ရခဲ့သ်ေလည်း ဂိုးအဖြစ် မပြောင်းနိုင်သဖြင့် ရန်ကုန်အသင်းကသာ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင် ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်တစ်ပတ်တွင် ရတနာပုံအသင်းနှင့် ကစားရမည်ဖြစ်ပြီး မြ၀တီအက်ဖ်စီအသင်း သည် ရခိုင်ယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်သည်။