မတ်လအတွက် မြန်မာနေရှင်နယ်လိဂ် ၂ အကောင်းဆုံးဆုများကို ကချင်ယူနိုက်တက်အသင်းနှင့် မောရ၀တီအက်ဖ်စီအသင်းတို့မှ ရရှိ

April 5, 2018

MPT Myanmar National League II 2018 ပြိုင်ပွဲ၏ မတ်လအတွက် အကောင်းဆုံးနည်းပြနှင့် ကစားသမားဆုများကို ယန့ မောရ၀တီ-ယူနီဗာစတီအသင်းတို့ ပွဲစဉ်အပြီး၌  ပေးအပ်ချီးမြှင့်ခဲ့ရာ နည်းပြဆုကို ကချင်ယူနိုက်တက်အသင်းမှ ဦးမြင့်ဆွေနှင့် ကစားသမားဆုကို မောရ၀တီအသင်းမှ ဇင်မင်းသန့်တို့မှ ဆွတ်ခူးရရှိခဲ့သည်။

အကောင်းဆုံးနည်းပြဆုအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်က ပေးအပ်ခဲ့ပြီး အကောင်းဆုံးကစားသမားဆု ရရှိသည့် ဇင်မင်းသန့်အား မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ်၏ မိတ်ဖက်ပါတနာဖြစ်သည့် MPT တို့ ပူးပေါင်း ပေးအပ်ခဲ့သည့် အဆိုပါဆုအတွက် ကစားသမားဆုကို ဆုတံဆိပ်နှင့် ငွေကျပ် ၁ သိန်း၊ နည်းပြဆုအတွက် ဆုတံဆိပ်နှင့် ငွေကျပ် ၅ သောင်းတို့ကို ပေးအပ်ခြင်းဖြစ်သည်။