MOU လက်မှတ်ရေးထိုးပွဲအခမ်းအနား ရက်ရွှေ့

April 22, 2018

မြန်မာနေရှင်နယ်လိဂ်(MNL) နှင့် ပြည်ပ International Network Co., တစ်ခုတို့ကြား နှစ်ဘက်သဘောတူစာချုပ် (MOU) လက်မှတ်ရေးထိုး စာချုပ်ဆိုပွဲအခမ်းအနားကို အစောပိုင်းက ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နိုဗိုတယ်ဟိုတယ်၌ ကျင်းပပြုလုပ် ရန်စီစဉ်ထားခဲ့သော်လည်း စာချုပ်ပါအချက်အလတ်များကို အသေးစိတ်ဆွေးနွေး အတည်ပြုနိုင် ရန်အတွက် ယင်းMOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ရွှေ့ဆိုင်းထားပါသည်။ ယင်းအခမ်းအနားသို့တက်ရောက်ရန် ဖိတ်ကြားထားခဲ့သည့် ဧည့်သည်တော်များနှင့် မီဒီယာများအား ကြိုတင်အသိပေး တောင်းပန်အပ်ပါသည်။

အဆိုပါ MOU လက်မှတ်ရေးထိုးအခမ်းအနားကျင်းပပြုလုပ်မည့် နေ့ရက်၊အချိန်၊နေရာကို ထပ်မံအသိပေးထုတ်ပြန်ကြေညာ ဖိတ်ကြားပေးသွားမည်ဖြစ်ပါသည်