မွန်ပြည်နယ်အတွင်း လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

April 26, 2018

လူငယ်ဘောလုံးဖွံ့ဖြိုးရေးအစီအစဉ်သည် မဖြစ်မနေ လုပ်ဆောင်ရန်လိုဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ပြော

——————————————————————————————————-

ယခုနှစ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ ပူးပေါင်းကာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် လူငယ်ဘောလုံးပွဲတော်(MFF-MPT Grassroots Football Festival 2018)နှင့် ယူ-၁၄ လူငယ်ဘောလုံးပြိုင်ပွဲ(MPT U-14 Football Tournament 2018)များ ကျင်းပရန် ရှိပြီး မွန် ပြည်နယ်အတွင်း တွင် အဆိုပါပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်း
အစည်းအဝေးကို ဧပြီ ၂၆ ရက်(ယနေ့) က ပြည်နယ်အစိုးရရုံးတွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအေးဇံ၊ စိုက်ပျိုးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်၊ ပအိုဝ့်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ မွန်ပြည်နယ် ဥပဒေချုပ် ဒေါ်အေးအေးမို့၊ မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးလှဝင်းတင်၊မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ၊ MPT Joint Operation မှ ပြည်နယ်မန်နေဂျာ ဦးဇော်နိုင်လင်း၊ မွန်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည်၊
မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ထွန်းမြင့်နှင့် တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်မှ မကြာခင်ကျင်းပပြုလုပ်မည့် လူငယ်ဘောလုံးပွဲတော်နှင့် ယူ-၁၄ ဘောလုံးပြိုင်ပွဲများနှင့်ပတ်သက်သည့် စီမံဆောင်ရွက်ထားမှုများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မွန်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအေးဇံမှ ယခုလူငယ်ဘောလုံးဖွံ့ဖြိုးရေးအစီအစဉ်သည် အင်မတန်ကောင်းမွန်ကြောင်းနှင့် မဖြစ်မနေ လုပ်ဆောင်ရမည့် အ စီအစဉ်မျိုးဖြစ်ပါကြောင်း၊ သို့မှသာ လူငယ်များအနေနဲ့ အားကစားဆောင်ရွက်ခြင်းဖြင့် မှုးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လူငယ်ဘောလုံးဖွံ့ဖြိုးရေး အစီအစဉ်များ လာရောက်ရှင်းလင်းတင်ပြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအနေဖြင့်လည်း ရပ်ကွက်၊ ကျေးရွာတိုင်းတွင် ဘောလုံးကွင်းများ ပြန်လည်တည်ဆောက်ပေးပြီး လူငယ်များ ဘောလုံးကစားနိုင်ရန် ဆောင်ရွက်ပေးရန် အစီစဉ်ရှိကြောင်း၊ ဘောလုံးကွင်းများ ပြန်လည်ဖော်ထုတ်တည်ဆောက်ပြီး ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းတွင် ဘောလုံးကွင်းများ ရှိစေရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်မှ ပြည်နယ်ဝန်ကြီးချုပ်အား မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဂျာစီအမှတ်တရ လက်ဆောင်ပေးပြီး စုပေါင်းဓာတ်ပုံရိုက်ကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။ ပြီး
ခဲ့သည့် ဧပြီ ၄ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုအခါတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ထပ်မံတွေ့ဆုံလိုသည့်အတွက် ဒုတိယအကြိမ် လာရောက် ရှင်းလင်း
တင်ပြခဲ့ခြင်းဖြစ်သည်။