နိုင်ငံတကာသုံး ငွေပေးချေကတ် JCB နှင့် မြန်မာနေရှင်နယ်လိဂ်တို့၏ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်၏ မန္တလေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျင်းပပြီးစီးခဲ့သည့် ၂၀၁၇ ဘောလုံးရာသီမှ စတင်ကာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအား Co-Sponsor တစ်ဦးအဖြစ် ပံ့ပိုးပေးလာခဲ့သည့် JCB သည် ယခုကျင်းပလျှက် ရှိသည့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲကိုလည်း Co-Sponsor အဖြစ် ထပ်မံပံ့ပိုးခြင်း ဖြစ်သည်။
အဆိုပါ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယ ဥက္ကဌ၊ ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၊ JCB International (Thailand) Co.Ltd (Yangon Branch) မှ Country Manager မစ္စတာ ယူဂျီ မတ်ဆုရှိတာ၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ JCB International (Thailand) Co.Ltd (Yangon Branch) မှ Country Manager တစ်ဦးဖြစ်သူ မစ္စတာ တကဲရှိဖူဂျီ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးမိုးဆန်းအောင်၊ ရှမ်းယူနိုက်တက် အသင်းပိုင်ရှင် ဦးခွန်နောင်မြင့်ဝေ၊ မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက်ဖြစ်သည့် MPT မှ တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မီဒီယာများ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုတိယဥက္ကဌ၊ ရတနာပုံအသင်း ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက အဖွင့်အမှားစကား ပြောကြားခဲ့ပြီး JCB International (Thailand) Co.Ltd (Yangon Branch) မှ Country Manager မစ္စတာ ယူဂျီ မတ်ဆုရှိတာကလည်း စပွန်ဆာပေးအပ်ရသည့် အကြောင်းရင်းကို ပြန်လည် ရှင်းလင်းပြခဲ့သည်။
ယင်းနောက်တွင် လက်မှတ်ရေးထိုးသည့် အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယ ဥက္ကဌ၊ ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၊ JCB International (Thailand) Co.Ltd (Yangon Branch) မှ Country Manager မစ္စတာ ယူဂျီ မတ်ဆုရှိတာ တို့က လက်မှတ်ရေးထိုးခဲ့ကြကာ အသိသက်သေများ အဖြစ် မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ JCB International (Thailand) Co.Ltd (Yangon Branch) မှ Country Manager တစ်ဦးဖြစ်သူ မစ္စတာ တကဲရှိဖူဂျီ တို့က ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် မြန်မာနေရှင်နယ်လိဂ်မှ ပေးအပ်သည့် အမှတ်တရ လက်ဆောင်များကို JCB ၏ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြပြီး စာနယ်ဇင်းများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။