ယူ-၂၁ အမှတ်ပေး ပထမအကျော့နောက်ဆုံးပွဲအဖြစ် ဆောက်သမ်းနှင့်ရှမ်း၊ စစ်ကိုင်းနှင့်ဟံသာဝတီတို့ (ယနေ့) ဆက်လက်ကစားမည်

April 30, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11) လက်ကျန်ပွဲစဉ်နှစ်ပွဲအဖြစ် ဧပြီ ၃၀ ရက်(ယနေ့) ညနေ ၄း၀၀ နာရီတွင် ဆောက်သမ်းအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ စစ်ကိုင်းယူနိုက်တက်အသင်းနှင့်ဟံသာဝတီ အသင်းတို့ အသီးသီး ဆက်လက်ကစားကြမည်ဖြစ်သည်။

ဧပြီ ၃၀ ရက်(ယနေ့) ညနေ ၄း၀၀ နာရီ၊ ပဒုမ္မာကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ စလင်းကွင်း တွင် ဆောက်သမ်းအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားကြမည်ဖြစ်သည်။

အစောပိုင်းကစားခဲ့သည့် Week-11 ပွဲစဉ်များတွင် ဇွဲကပင်အသင်းက ရခိုင်ယူနိုက်တက်အသင်းအား ၃-၀ ဂိုးဖြင့်လည်းကောင်း၊ ရန်ကုန် အသင်းက GFA FC အသင်းအား ၁-၀ ဂိုးဖြင့်လည်းကောင်း၊ ISPE(A) အသင်းက မကွေးအသင်းအား ၁-၀ ဂိုးဖြင့်လည်းကောင်း အသီး သီး အနိုင်ရရှိခဲ့ကြသည်။ မြ၀တီအသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်သည် ဂိုးမရှိသရေကျခဲ့သလို MFF Youth အသင်းနှင့် ဧရာဝတီ အသင်းတို့ပွဲစဉ်သည်လည်း တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ပြီးဆုံးချိန်တွင် ISPE (A) အသင်းက ရမှတ် ၃၄ မှတ်ဖြင့် ရာသီဝက်ချန်ပီယံဖြစ်လာခဲ့သည်။

MNL Youth U-21 League 2018

Pos Club P W D L F A GD Pts
1 ISPE (A) 13 11 1 1 28 6 22 34
2 13 9 2 2 18 5 13 29
3 13 7 5 1 20 10 10 26
4 13 8 1 4 26 19 7 25
5 12 7 3 2 19 10 9 24
6 13 5 4 4 24 12 12 19
7 12 5 3 4 20 16 4 18
8 13 3 4 6 18 20 -2 13
9 MFF Youth 12 3 4 5 11 13 -2 13
10 12 3 3 6 11 14 -3 12
11 12 3 1 8 10 27 -17 10
12 13 2 3 8 11 23 -12 9
13 13 2 3 8 10 22 -12 9
14 12 0 3 9 4 33 -29 3